Local News

မြဝတီကုန်သွယ်ရေးဇုန်၏ကုန်သွယ်မှုအခြေအနေ

Last Updated:

     မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၁၁-၇-၂၀၂၃)ရက်နေ့မှ(၁၄-၇-၂၀၂၃)ရက်နေ့ထိပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း၊ ကြက်သွန်နီ၊ ရေထွက်ကုန်များဖြစ်သည့် ပုစွန်၊ ငါးခွေးလျှာ၊ ငါးကြင်းတို့အပြင်ဂေါ်ဖီထုပ်၊ ငရုတ်၊မကျည်းသီး(အစေ့ပါ)၊ ချင်းခြောက်နှင့်CMP ပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီးအဝတ်အထည်များတင်ပို့ခဲ့သည်။ (၁၁-၇-၂၀၂၃)ရက်နေ့မှ(၁၄-၇-၂၀၂၃)ရက်နေ့ထိအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ CMPပစ္စည်း၊ပြောင်း၊ ငရုတ်၊ ကြက်သွန်နီ၊ မကျည်းသီး (အစေ့ပါ)၊ ‌ဂေါ်ဖီထုပ်၊ ချင်းခြောက်၊ ရေထွက်ကုန်ပစ္စည်းနှင့် အခြားပစ္စည်းတို့ဖြစ်သည်။

   ယခုအခါထိုင်းနိုင်ငံမှစားသောက်ကုန်လုပ်ငန်းများတွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့်စားသောက်ကုန်ပစ္စည်းကုန်ကြမ်း ဝယ်လိုအားမြှင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ကုန်စိမ်းပို့ကုန်များဖြစ်သည့်ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့်ငရုတ်များကို လွယ်ကူလျင် မြန်စွာတင်ပို့နိုင်ရေးအတွက် လိုင်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိသည်။ (၁၁-၇-၂၀၂၃မှ၁၄-၇-၂၀၂၃)ရက်နေ့ထိအများဆုံးတင်သွင်းခဲ့သည့်သွင်းကုန်ပစ္စည်းများမှာ Garment၊ ဓါတ်မြေဩဇာ၊ စားသောက်ကုန်၊ LPG(ဓာတ်ငွေ့ရည်)၊ ယန္တရားစက်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆေးဝါး၊ သစ်သီးမျိုးစုံနှင့် အခြားပစ္စည်းတို့ဖြစ်သည်။

     သွင်းကုန်ပစ္စည်းများအနေဖြင့်တိရစ္ဆာန်အစာ၊ တိရစ္ဆာန်ဆေးဝါး၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ ဖိနပ်၊ သစ်သီး၊ Garment၊ဓါတ်မြေဩဇာ၊ အိမ်သုံးပစ္စည်း၊ တိရစ္ဆာန်အရှင်၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်းကိရိယာများ၊ ဆေးဝါး၊ Packing Material၊အိမ်သုတ်ဆေး၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားစက်ပစ္စည်းများ၊ ငါးဖမ်းပစ္စည်း၊LPG(ဓာတ်ငွေ့ရည်)နှင့်အလှကုန်ပစ္စည်းတို့တင်သွင်းခဲ့သည်။

      ငွေစျေးနှုန်းအနေဖြင့်ယခင်အပတ်ကတစ်ဘတ်လျှင်(88.11)ကျပ်သာရှိပြီးယခုအပတ်တွင်(၈၉.၂၉)ကျပ်ဖြစ်သဖြင့် ဘတ်စျေးအနည်းငယ်တက်ခဲ့ပါကြောင်းနှင့်ကုန်ပစ္စည်းများတင်ပို့၊ တင်သွင်းခြင်းကို ရန်ကုန်-ဘားအံ-မြဝတီကုန်သွယ်မှုလမ်းကြောင်းအတိုင်း ပုံမှန်ဆောင်ရွက်လျက်ရှိသည်။ (၈-၇-၂၀၂၃မှ၁၄-၇-၂၀၂၃)ရက်နေ့ထိအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ပြောင်း(၁)တန်လျှင် ပျမ်းမျှ(၂၉၉.၁၄၉)ဒေါ်လာဖြင့် (၂၂၀၃၅.၈၂၉)တန်(၆.၅၉၂)ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (၁၁.၁၁၇)တန်(၁၅၆၄၈၂) (U)ဖြင့်(၁.၅၆၉)ဒေါ်လာသန်း၊ ကြက်သွန်နီ (၁)တန်လျှင် (၅၃၉.၂၉၅)ဒေါ်လာဖြင့် (၁၁၀၇.၀၀၀)တန်(၀.၅၉၇)ဒေါ်လာသန်း၊ ငရုတ်သီး(အစို) (၁)တန်လျှင် (၆၇၂.၅၄၄) ဒေါ်လာဖြင့် (၆၄၃.၈၂၄)တန် (၀.4၃၃)ဒေါ်လာသန်း၊ ငရုတ်သီး (ခြောက်)(၁)တန်လျှင် (၁၆၃၃.၁၁၅)ဒေါ်လာဖြင့် (၉၅.၅၂၃)တန် (၀.၁၅၆)ဒေါ်လာသန်း၊ ဂေါ်ဖီထုပ်(၁)တန်လျှင် (၁၉၈.၇၀၂)ဒေါ်လာဖြင့် (၄၉၃.၂၀၀)တန်(၀.၀၉၈)ဒေါ်လာသန်း၊ ငါးမျိုးစုံ(၁)တန်လျှင် (၁၁၅၄.၀၂၆)ဒေါ်လာဖြင့် (၄၀.၇၂၇) တန် (၀.၀၄၇)ဒေါ်လာသန်း၊ ချင်းခြောက် (၁)တန်လျှင် (995.025) ဒေါ်လာဖြင့် (28.140) တန် (0.028)‌ ဒေါ်လာသန်း၊မကျည်းသီး(အစေ့ပါ) (၁)တန်လျှင် (၃၄၃.၇၅)‌ဒေါ်လာဖြင့် (၆၄.၀၀၀)တန် (၀.၀၂၂)ဒေါ်လာသန်းနှင့် ကဏန်း(၁)တန်လျှင် (၁၈၁၈.၁၈)ဒေါ်လာဖြင့်(၆.၀၅)တန် (၀.၀၁၁)ဒေါ်လာသန်းတို့ဖြစ်ပါသည်။ ပို့ကုန်ကားခအနေဖြင့် ယာဉ်အမျိုးအစားအလိုက် (၁၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ(၁၂၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ(၁၃၀)ကျပ်၊ (၂၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ (၉၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၁၀၀)ကျပ် ရှိသည်။

  (၈-၇-၂၀၂၃ မှ ၁၄-၇-၂၀၂၃)ရက်နေ့ထိအများဆုံးတင်သွင်းခဲ့သည့်သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ(4.217)ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်းများ  (1.289) ဒေါ်လာသန်း၊သွပ်ပြား (0.883)ဒေါ်လာသန်း၊ ဆပ်ပြာ(0.753)ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်း (0.696)ဒေါ်လာသန်း၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ(0.670)ဒေါ်လာသန်း၊ အခြားစက္ကူများ (0.655) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (0.645)ဒေါ်လာသန်း၊ အလှကုန်ပစ္စည်းမျိုးစုံ (0.601) ဒေါ်လာသန်းနှင့်  ချည်ထည်များ (0.584)ဒေါ်လာသန်းတို့ဖြစ်ပါသည်။ သွင်းကုန်ကားခ(ကုန်စုံပစ္စည်း)အနေဖြင့် ယာဉ်အမျိုးအစားအလိုက်(၁၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ(၂၀၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၂၁၀)ကျပ်၊ (၂၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ(၁၆၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၁၇၀)ကျပ်ရှိသည်။

   မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် (ဧပြီလ(၁)ရက်နေ့မှဇူလိုင်လ(၁၄)ရက်နေ့ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၁၆၅.၀၃၈)ကန်ဒေါ်လာသန်း၊ သွင်းကုန် (၃၆၅.၆၀၅) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၅၃၀.၆၄၃)ကန်ဒေါ်လာသန်းရှိပြီး ယခင်နှစ်ကာလတူတွင်ပို့ကုန်(၂၉၇.၉၃၉)ကန်ဒေါ်လာသန်း၊ သွင်းကုန်(၃၈၉.၃၉၉)ကန်ဒေါ်လာသန်း၊ကုန်သွယ်မှုပမာဏ(၆၈၇.၃၃၈)ကန်ဒေါ်လာသန်းဆောင်ရွက်ခဲ့သဖြင့် ကာလတူနှိုင်းယှဉ်လျှင် ယခုဘဏ္ဍာနှစ်တွင် ယခင်နှစ်ကာလတူထက်ပို့ကုန်(၁၃၂.၉၀၁)ကန်ဒေါ်လာသန်း၊ သွင်းကုန် (၂၃.၇၉၄)ကန်ဒေါ်လာသန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(၁၅၆.၆၉၅)ကန်ဒေါ်လာသန်း လျော့နည်းခဲ့သည်။

Source: https://commerce.gov.mm

Category: Local News