Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်နှင့် သွင်းကုန် ကုန်သွယ်နိုင်မှုအခြေအနေ

Last Updated:

     တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၈-၇-၂၀၂၃ မှ ၁၄-၇-၂၀၂၃) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်းတန်ချိန် (၉၈၃.၆၅၅) တန်၊ တန်ဖိုး (၀.၃၀၃)ဒေါ်လာသန်း၊ ကော်ဖီစေ့ တန်ချိန် (၁၇)တန်၊ တန်ဖိုး (၀.၀၄၂) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ တန်ချိန် (၁၃၂) တန်၊ တန်ဖိုး (၀.၂၁၆)ဒေါ်လာသန်း၊ လက်ဖက်ခြောက်တန်ချိန် (၄၀)တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း၊ ဆေးရွက်ကြီး တန်ချိန် (၃၁)တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း၊ ကတ်ထူစက္ကူအဟောင်း တန်ချိန် (၁၈၆)တန်၊ တန်ဖိုး (၀.၀၂၁)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့သည်။

     ယခုလဆန်းပိုင်း၌ တစ်ဖက်နိုင်ငံဝယ်လက်သည် ပြောင်း ၁ ကီလိုလျှင် (၁၀.၄) ဘတ်ခန့်သာ ဈေးပေးဝယ်ယူခြင်းကြောင့် ပြောင်းတင်ပို့မှုလျော့နည်းကြောင်း တွေ့ရှိရပါသည်။  တာချီလိတ် ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်ရှိ(၄)မိုင်ဂိတ်၊ တာကော်တံတားဂိတ်၊ ကျိုင်းတုံ (နောင်နွန်း ဂိတ်)၊ မိုင်းဖြတ်ဂိတ်၊ ဝှေ့ရဲဂိတ်တို့မှ ပို့ကုန်ယာဉ်များအား ကုန်ပစ္စည်း သယ်ဆောင်ခွင့်လက်မှတ် (QR) စစ်ဆေး၍ဆောင်ရွက်နေသည့်အတွက် ကုန်သွယ်မှုတွင်လွယ်ကူချောမွေ့လျက်ရှိပါသည်။ ငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၁၂၅) ဘတ်ဖြစ်ပေါ်ခဲ့သည်။

      တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်တွင် ဘိလပ်မြေ (၀.၃၅၀) ဒေါ်လာသန်း၊ ရေနံထွက်ပစ္စည်း (၀.၄၃၆) ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၂၂၉) ဒေါ်လာသန်း ၊သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၅၂) ဒေါ်လာသန်း ၊သုတ်ဆေး/ပေါလစ်များ (၀.၀၀၉) ဒေါ်လာသန်း အပါအဝင် သွင်းကုန်တန်ဖိုး (၁.၁၇၇) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ဈေးနှုန်းအနေဖြင့် ဘိလပ်မြေတစ်တန်လျှင်(၁၆၈)ဒေါ်လာ၊ ဒီဇယ်ဆီတစ်တန်လျှင် (၈၄၄.၅၇၅)ဒေါ်လာ၊ ဓါတ်ဆီတစ်တန်လျှင်(၉၆၀.၅၂) ဒေါ်လာဖြစ်သည်။

Source: https://commerce.gov.mm

Category: Local News