Local News

မြိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်နှင့် သွင်းကုန် ကုန်သွယ်နိုင်မှုအခြေအနေ

Last Updated:

     မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့မှ ဇူလိုင်လ (၁၆) ရက်နေ့အတွင်းငါးကြိတ်သားတစ်တန်လျှင်(၁၈၂၀)ဒေါ်လာနှုန်းဖြင့်(၂၁.၆၀၀)တန်၊ တန်ဖိုး (၀.၀၃၉) ဒေါ်လာသန်းအားအကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း)ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့်မြိတ်-ထားဝယ်-ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

     မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့မှ ဇူလိုင်လ (၁၆) ရက်နေ့အတွင်းသွင်းကုန်တင်သွင်းမှုအခြေအနေမှာတနင်္သာရီတိုင်းဒေသကြီးအတွင်းသုံးစွဲရန်လိုအပ်သည့်စက်သုံးဆီအားထိုင်းနိုင်ငံရေလမ်းကြောင်းမှ တင်သွင်းလျက်ရှိရာဒီဇယ်ဆီတစ်တန်လျှင် (၇၈၃.၈၇၉) ဒေါ်လာနှုန်းဖြင့် (၄၃၀၀)တန်၊တန်ဖိုး(၃.၃၇၁)ဒေါ်လာသန်း၊လုပ်ငန်းသုံးပစ္စည်း (၃၂.၅၄၂) တန်၊ တန်ဖိုး (၀.၀၃၆) ဒေါ်လာသန်း၊ စုစုပေါင်း(၃.၄၀၇)ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၃၁၈) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၂၂၉၅)ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၇.၂၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။

Source: https://commerce.gov.mm

Category: Local News