Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှုအခြေအနေ

Last Updated:

     ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့နှင့် ပြောင်းတို့ဖြစ်သည်။

     ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂ရက်နေ့မှ၁၆ရက်နေ့အထိပို့ကုန်တန်ချိန် (၂၇၅၉)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၂.၈၇၇)သန်း၊ သွင်းကုန်တန်ချိန် (၃၉၆)၊(၁၄၀၉)U၊ (-)BBL၊ တန်ဖိုး(၁၂၀.၇၈၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၆၀၉၁.၄၀)၊ (၁)တန်စျေးနှုန်း (၆၃၀)အမေရိကန် (၃၀၆.၆၆)အမေရိကန်ဒေါ်လာ၊ ကြိမ်မွေ့တောင်းတန်ချိန်(၃၀.၈၄)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၄၈၁၁၀.၄၀)၊ (၁)တန်စျေးနှုန်း (၁၅၆၀)အမေရိကန်ဒေါ်လာ၊ကုလားငူတန်ချိန်(၄.၉၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၇၂၄၁.၆၀)၊ (၁)တန်စျေးနှုန်း (၁၄၆၀)အမေရိကန်ဒေါ်လာ၊ ပလာတူးတန်ချိန် (၃၀.၂၄)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၂၉၆၃၅.၂၀)၊ (၁)တန်စျေးနှုန်း (၁)တန်စျေးနှုန်း(၁၂၆၀)အမေရိကန်ဒေါ်လာ၊ လိုင်းဝါတန်ချိန်(၈၃.၅၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၅၉၆၅.၀၀)၊ (၁)တန်စျေးနှုန်း(၇၉၀)အမေရိကန်ဒေါ်လာ၊ ကဏန်းတန်ချိန်(၉.၂၃)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၅၉၀၄.၇၀)၊ (၁)တန်စျေးနှုန်း (၃၈၉၀) အမေရိကန်ဒေါ်လာ၊ သီဟိုဠ်စေ့တန်ချိန် (၅.၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၀၀၀)၊ (၁)တန်ဈေးနှုန်း (၂၈၀၀)အမေရိကန်ဒေါ်လာတို့ဖြစ်သည်။

     အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာပီလောပီနံမှုန့်တန်ချိန် (၃၃၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၁၆၉၀၀၀)၊ (၁) တန်ဈေးနှုန်း (၅၁၂.၁၂) အမေရိကန်ဒေါ်လာ၊ ကားတာယာအရေအတွက်(၁၃၈၈)U၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၇၀၀၀)၊ (၁)Uစျေးနှုန်း(၁၉.၄၅) အမေရိကန်ဒေါ်လာ၊ ပလပ်စတစ်ရေခဲပုံးတန်ချိန်(၁၁)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၁၀၀၀)၊ (၁)တန်စျေးနှုန်း (၁၉၀၉)အမေရိကန်ဒေါ်လာ၊ငါးထည့်သည့်ပုံးတန်ချိန်(၃.၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၂၀၀၀)၊ (၁)တန်စျေးနှုန်း (၆၆၆.၆၆) အမေရိကန်ဒေါ်လာတို့ဖြစ်ပြီးငါးသယ်လှေကုန်(၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ် ရှိကြောင်းသိရှိရသည်။

     ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာနှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကိုသက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ (၁၇-၇-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာမြန်မာငွေကျပ် (၁) သိန်းလျှင် (၁၁၂၅) ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၈၉.၀၀) ကျပ်ခန့် (၁၆-၇-၂၀၂၃) နှင့် နှိုင်းယှဉ်လျှင် (၀.၁၀) ကျပ်ခန့်မြင့်တက် လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၂၁၅၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၁၇၀၀) ကျပ်မြင့်တက်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News