Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (၁၆-၇-၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

     မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၁၆-၇-၂၀၂၃) ရက်နေ့တွင်ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၁.၁၀၃)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၁.၈၄၁)သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၂.၉၄၄) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့်(၅၆.၀၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၆၈) သန်း၊ သကာရည်(၅၀၃.၀၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၆၈)သန်း၊ ကဏန်း(၃၀.၉၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၁၃၀)သန်း၊ပုစွန်ဖွဲ (၂၀၀.၀၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၉၆)သန်း၊ ရေခဲပုစွန်(၁၇.၂၈၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၉၆)သန်း၊ ခဲသတ္တု(၆၆.၆၇၀)တန်၊ တန်ဖိုး (၀.၀၇၉)ဒေါ်လာသန်း၊ နနွင်းတက်(၁၃၇.၁၈၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၇၇)သန်း၊ သီဟိုဠ်စေ့(၁၅.၈၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၇၇) သန်း၊ ပဲတီစိမ်း(၁၀၂.၀၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၆၆) သန်း၊ မြေထောက်ပဲ(၃၃.၅၀၀) တန်၊ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်းတို့ ဖြစ်သည်။

     အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဒီဇယ်ကန်ဒေါ်လာ(၀.၃၆၅)သန်း၊ Electrolytic Manganese Dioxide တန်ဖိုးကန်ဒေါ်လာ(၀.၀၃၀)သန်း၊ ဓာတ်ဆီ တန်ဖိုးကန်ဒေါ်လာ(၀.၀၂၇)သန်း၊ ဒီဇယ်လျှပ်စစ်ဓာတ်အားစက် တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၆) သန်း၊ စားသောက်ကုန်ကြမ်းတန်ဖိုး ကန်ဒေါ်လာ (၀.၀၂၅) သန်း၊ Bearingတန်ဖိုး ကန်ဒေါ်လာ (၀.၀၂၃) သန်း၊ ရေစုပ်ပန့်များ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၀) သန်း၊ သံချောင်းလုံး တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၃)သန်း၊ Solar Panelတန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁) သန်း၊ PVC Film ပြားတန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁) သန်းတို့ဖြစ်သည်။

     ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ (၁၆) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၁၉.၁၆၂) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၂၆.၅၀၆) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၄၅.၆၆၈) သန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၈၉.၉၄၂) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

     အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိသည်။ (၁၆-၇-၂၀၂၃) ရက်နေ့အတွင်းအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအားငါးရှဉ့်(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၉၉၉.၉၃)နှုန်း၊ သကာရည် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၃၃၃.၅၀၃)နှုန်း၊ ကဏန်း(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၁၉၆.၁၅)နှုန်း၊ ပုစွန်ဖွဲ(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၇၉.၆၈၄) နှုန်း၊ ရေခဲပုစွန် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၅၅၄၆.၈၁)နှုန်း၊ ခဲသတ္တု(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၈၄.၆၂)နှုန်း၊ နနွင်းတက်(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၅၆၃.၅၉၆)နှုန်း၊ သီဟိုဠ်စေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၄၈၆၆.၁၉)နှုန်း၊ ပဲတီစိမ်း(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၆၄၆.၀၁၈)နှုန်း၊ မြေထောက်ပဲ(၁)တန်လျှင် အမေရိကန် ဒေါ်လာ(၁၄၈၀.၂၂)နှုန်းတင်ပို့နိုင်ခဲ့သည်။

     (၁၀-၇-၂၀၂၃) ရက်နေ့ မှ (၁၆-၇-၂၀၂၃) ရက်နေ့အတွင်းအများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့်(၃၇၆.၉၂၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၁.၁၄၁) သန်း၊ ကဏန်း (၂၂၆.၄၂၅)တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၉၅၆) သန်း၊ ခဲသွပ်အရောသတ္တု(၈၆၁.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၆၂၆)သန်း၊ ကြက်သွန်နီ(၁၈၅၇.၅၀၀)တန်၊ တန်ဖိုး(၀.၆၁၈)ဒေါ်လာသန်း၊ အလူမီနီယံသတ္တု(၂၄၁.၇၀၆)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၄၂၄) သန်း၊ နနွင်းတက်(၆၁၇.၅၈၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၃၃၁) သန်း၊ သကာရည်(၉၄၀.၀၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၃၂၀)သန်း၊ ပုစွန်ဖွဲ(၆၆၂.၅၀၀) တန်၊တန်ဖိုး (၀.၃၁၉) ဒေါ်လာသန်း၊  ခဲသတ္တု(၂၃၅.၃၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၂၈၀) သန်း၊ ဝါဂွမ်း(၁၄၉.၇၅၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၂၆၈)သန်းတို့ ဖြစ်သည်။

     (၁၀-၇-၂၀၂၃) ရက်နေ့ မှ (၁၆-၇-၂၀၂၃) ရက်နေ့အတွင်းအများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများတန်ဖိုးကန် ဒေါ်လာ(၂.၆၃၂) သန်း၊ စက်သုံးဆီ တန်ဖိုးကန်ဒေါ်လာ (၀.၈၀၆) သန်း၊ CMP စက်ရုံသုံးကုန်ကြမ်းပစ္စည်းများတန်ဖိုးကန်ဒေါ်လာ (၀.၅၈၃) သန်း၊ သွပ်လိပ် တန်ဖိုး ကန်ဒေါ်လာ (၀.၂၄၂) သန်း၊ ဆိုလာပြားတန်ဖိုး ကန်ဒေါ်လာ (၀.၁၆၈) သန်း၊ Electrolytic Manganese Dioxide တန်ဖိုးကန်ဒေါ်လာ (၀.၁၄၉) သန်း၊ ကားတာယာများ တန်ဖိုးကန်ဒေါ်လာ(၀.၁၄၄)သန်း၊ အလူမီနီယံသံတံခါးဘောင်တန်ဖိုးကန်ဒေါ်လာ(၀.၁၄၀)သန်း၊ ဖိနပ်ကန်ဒေါ်လာ (၀.၁၄၀) သန်း၊ ပလပ်စတစ်လိပ်တန်ဖိုးကန်ဒေါ်လာ(၀.၁၂၇)သန်းတို့ ဖြစ်သည်။

     (၁၀-၇-၂၀၂၃) ရက်နေ့ မှ (၁၆-၇-၂၀၂၃) ရက်နေ့အတွင်းအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအားငါးရှဉ့်(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၂၈.၃၉)နှုန်း၊ ကဏန်း(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၂၂၀.၈၄)နှုန်း၊ ခဲသွပ်အရောသတ္တု(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၇၂၇.၃၀) နှုန်း၊ ကြက်သွန်နီ(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၃၂.၈၄) နှုန်း၊ အလူမီနီယံသတ္တု(၁)တန်လျှင် အမေရိကန် ဒေါ်လာ(၁၇၅၃.၂၂) နှုန်း၊နနွင်းတက် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၅၃၅.၅၉) နှုန်း၊သကာရည်(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၄၀.၀၁) နှုန်း၊ပုစွန်ဖွဲ(၁) တန်လျှင် အမေရိကန် ဒေါ်လာ (၄၈၁.၀၀)နှုန်း၊ ခဲသတ္တု(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၈၈.၄၂) နှုန်း၊ဝါဂွမ်း(၁) တန်လျှင်အမေရိကန် ဒေါ်လာ (၁၇၉၀.၂၇) နှုန်းဖြင့် တင်ပို့နိုင်ခဲ့သည်။

     မူဆယ်ဒေသမှ တရုတ်နိုင်ငံသို့ ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြန်မာပြည်အနှံ့အပြားမှ မူဆယ်၊ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်း/တင်ပို့ ကြရသည်ဖြစ်သဖြင့် ကုန်သွယ်မှုဆောင်ရွက်နေသည့် လုပ်ငန်းရှင်/ကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်လုပ်ထုံး/လုပ်နည်းများအချိန်နှင့် တပြေးညီသိရှိအောင် ဆောင်ရွက်သင့်သည်။ ထို့အပြင် ကုန်သွယ်ဖက်နိုင်ငံရှိကုန်သည်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍လည်း ၎င်းတို့၏ မူဝါဒလုပ်ထုံးလုပ်နည်းများသိရှိအောင် ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုကိစ္စရပ်များအားတစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

   ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိရာသီဥတုနှင့် လမ်းကြံ့ခိုင်မှုအခြေအနေ၊ နယ်မြေဒေသအခြေအနေတို့ကို ကုန်သည်လုပ်ငန်းရှင်များ အချင်းချင်းချိတ်ဆက်သတင်းရယူခြင်း၊ သက် ဆိုင်ရာကုန်သည်အသင်းအဖွဲ့များ၊ ညီနောင်အသင်းများဖြင့် ချိတ်ဆက်ခြင်းအပြင် လိုအပ်ပါကသက်ဆိုင်ရာအစိုးရဌာနများသို့ သတင်းပို့တင်ပြခြင်းများဆောင်ရွက်သင့်ပါသည်။ တင်သွင်း/တင်ပို့လိုသည့် ကုန်ပစ္စည်းအမယ်အသစ်များရှိပါကလည်းသက်ဆိုင်ရာအစိုးရဌာနများသို့ သတင်းပို့ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်သည်။ လက်ရှိကာလအနေဖြင့် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်းကောင်းမွန်လျက် ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News