Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (၁၁-၇-၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

     မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၁၁-၇-၂၀၂၃)ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၀.၉၆၃)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၁.၂၄၃)သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၂.၂၀၆)သန်း ဆောင်ရွက်နိုင်ခဲ့သည်။ အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ခဲသွပ်အရောသတ္တု (၁၆၈.၆၃၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၂၀၀)သန်း၊ ငါးရှဉ့် (၄၇.၆၈၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၄၃)သန်း၊ ကဏန်း (၂၆.၂၇၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၁)သန်း၊ ဆန်ကွဲ(၁၉၈.၅၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၈)သန်း၊ မိကျောင်း ကွမ်းဖတ်စေ့(၇၁.၀၄၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၆၈)သန်း၊ ကြက်သွန်နီ (၁၈၃.၀၀၀)တန်၊ တန်ဖိုး(၀.၀၅၆)ဒေါ်လာသန်း၊ မြေထောက်ပဲ(၃၄.၀၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၁) သန်း၊ ကြက်ဆူစေ့(၉၆.၀၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၄၈)သန်း၊ ပုစွန်ဖွဲ(၉၉.၀၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၄၈)သန်း၊ ငါးမှုန့်(၆၈.၀၀၀)တန်၊ တန်ဖိုး(၀.၀၄၁)ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

     အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့်ယာဉ်ယန္တရားများ ကန်ဒေါ်လာ (၀.၁၃၄)သန်း၊ ပလပ်စတစ်ပိုက် တန်ဖိုးကန်ဒေါ်လာ (၀.၀၆၆)သန်း၊ သံမဏိဘောင်များ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၁)သန်း၊ အလူမီနီယံတံခါးဘောင်တန်ဖိုး ကန်ဒေါ်လာ(၀.၀၄၃)သန်း၊ သွပ်ပိုက်များတန်ဖိုး ကန်ဒေါ်လာ (၀.၀၄၁)သန်း၊ စားသောက်ကုန်ကြမ်းအမှုန့် တန်ဖိုးကန်ဒေါ်လာ(၀.၀၃၃)သန်း၊ ပုံနှိပ်မှင် တန်ဖိုးကန်ဒေါ်လာ (၀.၀၂၈)သန်း၊ ဓာတ်ဆီ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၇)သန်း၊ Bolt & Nut တန်ဖိုးကန်ဒေါ်လာ(၀.၀၂၄) သန်း၊ ရောင်စုံသွပ်လိပ်များ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၄)သန်း တို့ဖြစ်သည်။

     ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှ (၁၁)ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ(၁၃.၁၃၆)သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ(၁၉.၂၂၅)သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၃၂.၃၆၁) သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၉၀.၈၇၂၅) ကျပ်ဖြင့် တွက်ချက် ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

     အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/-နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ကားခ ကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/-ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိသည်။ (၁၁-၇-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ခဲသွပ်အရော သတ္တု (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၈၈.၄၂၂)နှုန်း၊ ငါးရှဉ့်(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၃၀၀၉.၀၀၁)နှုန်း၊ ကဏန်း(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၂၂၅.၈၂၃)နှုန်း၊ ‌ဆန်ကွဲ(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၃၉၄.၇၅၆) နှုန်း၊ မိကျောင်းကွမ်းဖတ်စေ့ (၁)တန်လျှင် အမေရိကန်ဒေါ်လာ(၉၅၅.၅၃၉)နှုန်း၊ ကြက်သွန်နီ(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၃၀၆.၂၈၅)နှုန်း၊ မြေထောက်ပဲ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၄၈၄.၉၇၃)နှုန်း၊ ကြက်ဆူစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၅၀၃.၀၇၁)နှုန်း၊ ပုစွန်ဖွဲ (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၈၂.၉၈၇)နှုန်း၊ ငါးမှုန့်(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၅၉၉.၇၅၁)နှုန်းဖြင့် တင်ပို့နိုင်ခဲ့သည်။

Source: https://commerce.gov.mm

Category: Local News