Local News

ရွှေဘိုခရိုင်အတွင်းဖြစ်ပေါ်နေသော စပါး၊ ဆန် ဈေးနှုန်းများနှင့်စီးထွက်မှု

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ စက်တင်ဘာလ(ဒုတိယပတ်)တွင် စပါး/ဆန်ဈေးနှုန်းများ အနည်းငယ်ကျဆင်းနေကြောင်း၊ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆန်စီးထွက်မှုမှာ စက်တင်ဘာလ(ပထမပတ်)တွင် ရန်ကုန်သို့အိတ်ရေ ၁၇၅၀၀၊ မန္တလေးသို့ အိတ်ရေ ၂၈၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း (တောင်) သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း (မြောက်)သို့ အိတ်ရေ ၄၅၀၀ ၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်းအိတ်ရေ ၆၁၅၀၀ ၊ တန်အားဖြင့် ၃၀၇၅တန် စီးထွက်ခဲ့ပြီး စက်တင်ဘာလ (ဒုတိယပတ်) တွင် ရန်ကုန်သို့ အိတ်ရေ ၁၅၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၁၈၁၀၀ ၊ နေပြည်တော်သို့ အိတ်ရေ ၆၅၀၀ ၊ ရှမ်း (တောင်) သို့ အိတ်ရေ ၅၀၀၀၊ ရှမ်း (မြောက်)သို့ အိတ်ရေ ၅၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၅၀၆၀၀၊ တန်အားဖြင့် ၂၅၃၀ တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၁၀၉၀၀၊ တန် အားဖြင့် ၅၄၅ တန် လျော့နည်းစီးထွက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ (ဒုတိယပတ်) တွင် ရွှေဘိုမြို့၌ ဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ ပြည်ပါ တစ်အိတ် လျှင် ကျပ် ၁၂၅,၀၀၀ ၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ် ၁၃၀,၀၀၀၊ ရွှေဝါထွန်း(နွေစပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၉၀၀,၀၀၀ ၊ ရွှေဝါထွန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

Source: https://commerce.gov.mm

Category: Local News