Local News

ပြည်တွင်း ရော်ဘာစျေး အမြင့်စျေးတွင် ငြိမ်နေ

Last Updated:

မိုးတွင်းကာလ ရော်ဘာထွက်ရှိမှုနည်းနေသောကြောင့် ရော်ဘာစျေးအမြင့်စျေးတွင် ငြိမ်နေကြောင်း လုပ်ငန်းရှင်များထံမှသိရသည်။  ယင်းအပြင်  ပြည်တွင်းရော်ဘာစျေးမှာ  နိုင်ငံတကာ    ပေါက်စျေးပေါ်မူတည်ပြီး စျေးအတက်အကျဖြစ်ပေါ်ခြင်း ဖြစ်ပြီးလက်ရှိကမ္ဘာ စျေးမှာ မြင့်တက်နေခြင်းကြောင့် အမြင့်စျေးတွင် ရှိနေခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

“အခုက ခြံတွေသာဖွင့်ထားတာ မိုးတွေရွာနေတော့ ဘာမှမထွက်သေးဘူး၊ စျေးကွက်က ဒီတိုင်းပုံမှန်ပဲ သွားနေတယ်။ စျေးကတော့ ခြံပိတ်ရာသီကတည်းကတိုင်း ဒီစျေး ပတ်ဝန်းကျင်မှာပဲရှိနေတယ်။ မိုးရာသီကုန်လို့ ပစ္စည်းထွက်လာရင်တော့ ဘလိုပုံစံမျိုး ဖြစ်လာမလဲ မသိသေးဘူး။ ပစ္စည်းအမြောက်များ ထွက်လာရင်တော့ စျေးကွက်ပုံမှန်ဖြစ်သွားမှာပေါ့" ဟု မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်ကပြောသည်။

လက်ရှိပြည်တွင်း ရော်ဘာတစ်ပေါင်လျှင် ၁၇၀၀ကျော် မှ ၁၈၀၀ ဝန်းကျင်ထိပေါက်စျေး ရှိနေကြောင်း သိရသည်။ ရော်ဘာမှာ စျေးတန်းတခုရရှိနေသော်လည်း မိုးများရွာသွန်းနေခြင်း   ကြောင့် ပစ္စည်းမှာလိုသလောက်မရရှိ၍ စျေးကွက်ငြိမ်နေခြင်းဖြစ်ကြောင်းလည်း လုပ်ငန်းရှင်တချို့ထံမှ သိရသည်။ လက်ရှိနိုင်ငံတကာ ရော်ဘာပေါက်စျေးမှာ အနည်းငယ်တက်လာပြီး  ဒေါ်လာ ၁၆၀၀ ကျော် ထိ ပေါက်စျေးရှိကြောင်းသိရသည်။ 

ပြည်ပ လိုအပ်ချက်များရှိနေပြီး ဒေါ်လာစျေးမှာလည်း အမြင့်စျေးတွင် ရှိနေသောကြောင့် တစ်ထောင်အောက် ကနေ ရော်ဘာစျေးမှာ တစ်ထောင်အထပ်သို့ တဖြည်းဖြည်း ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ရော်ဘာကို နယ်စပ်တင်ပို့မူထက် ပင်လယ်ရေကြောင်းမှ အဓိကတင်ပို့မူများကြောင်းသိရသည်။ မြန်မာ့ရော်ဘာ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းခန့်အား တရုတ်နိုင်ငံသို့ အဓိက တင်ပို့လျက်ရှိပြီး ယခုနှစ်  ဘဏ္ဏာနှစ် ၆ လတာကာလတွင် ပြည်ပသို့ ရော်ဘာ တန်ချိန် တစ်သိန်းနီးပါး ထိတင်ပို့ထား ကြောင်း သိရသည်။ မြန််မာနိုင်ငံတွင် ရော်ဘာ တစ်နိုင်ငံလုံး စိုက်ဧက တစ်သန်း ခြောက်သိန်းလေးသောင်း ကျော်ထိရှိကြောင်း သိရသည်။

Source: https://t.me/htwettoe

Category: Local News