Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့မှ (၁၃) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၃.၀၆၁) ဒေါ်လာသန်းနှင့် သွင်းကုန် (၁၀.၆၉၀) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၁၃.၇၅၁) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်စီးရေအနေဖြင့် ပို့ကုန် (၂၆၃) စီး၊ သွင်းကုန် (၆၂၀) စီး ဆောင်ရွက်နိုင်ခဲ့ပါသည်။

ယခင်အပတ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့မှ အောက်တိုဘာလ (၆) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၂.၄၇၇) ဒေါ်လာသန်းနှင့် သွင်းကုန် (၁၄.၈၁၀) ဒေါ်လာသန်း ကုန်သွယ်မှု ပမာဏအနေဖြင့် (၁၇.၂၈၇) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး (၀.၅၈၄) ဒေါ်လာသန်း ပိုမိုခဲ့သော်လည်း သွင်းကုန်တန်ဖိုး (၄.၁၁၀) ဒေါ်လာသန်း လျော့နည်းခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏ အနေဖြင့် (၃.၅၃၆) ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။

တင်ပို့သည့် ပို့ကုန်အမယ်များအနက် ဆန်၊ ပြောင်း၊ မတ်ပဲ၊ ထောပတ်ပဲ၊ မြေထောက်ပဲ၊ ပဲယင်း၊ မြေပဲဆံ၊ ပဲနီကြား၊ လက်ဖက်ခြောက်၊ ဇီးဖြူသီးခြောက်၊ ရော်ဘာ၊ ဝဥအစို၊ ကွမ်းစားဂမုန်းနှင့် CMP တင်ပို့မှုပိုမိုခဲ့ခြင်းကြောင့်  ယခင်တစ်ပတ် ထက်(၀.၅၈၄) ဒေါ် လာသန်း ပိုမိုခဲ့ခြင်း ဖြစ်ပါသည်။

တင်သွင်းသည့် သွင်းကုန်အမယ်များအနက် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများအုပ်စုမှ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ လယ်ယာသုံးနောက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ သတ္တုကုန်ချောဆောက်လုပ် ရေးပစ္စည်းများ၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများနှင့် အခြားပစ္စည်းများ တင်သွင်းမှုပိုမိုခဲ့သော်လည်း တယ်လီဖုန်းနှင့်ဆက်သွယ်ရေးပစ္စည်းကိရိယာများ၊ လေအေးပေးစက်များ၊ စက်နှင့်စက်ပစ္စည်းများ၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ဝါယာကြိုးများ၊ စက်ဘီးအပိုပစ္စည်းများ တင်သွင်းမှုလျော့နည်းခဲ့သဖြင့် ယခင်တစ်ပတ်အောက် (၁.၃၈၃) ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။

လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုတွင် ဓာတ်မြေသြဇာများ တင်သွင်းမှုပိုမိုခဲ့သော်လည်း ဓါတုဗေဒပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ သားရေတုဖြင့်ပြုလုပ်သောပစ္စည်းများ၊ အခြားစက္ကူများ၊ ဓာတုဗေဒချည်ခင်များ၊တာယာနှင့်ကျွတ်များ၊ အခြားပစ္စည်းများလျော့နည်းတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်အောက် (၁.၃၅၈) ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။

လူသုံးကုန်ပစ္စည်းအုပ်စုတွင် ချုပ်ပြီးအဝတ်အထည်များ ပိုမိုတင်သွင်းခဲ့သော်လည်း ဘထ္ထရီခြောက်၊ လျှပ်စစ်မီးသီးနှင့်မီးချောင်းများ၊ ချည်ထည်များ၊ အပ်ချည်ကြိုးများ၊ ဆေးဝါးများ၊  အခြားပစ္စည်းများ၊ ဇာနှင့် ဇာထိုးထားသော အထည်အလိပ်များ၊  မီးဖိုချောင်သုံးပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ် အောက် (၁.၃၇၉) ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။

ယခုတစ်ပတ်တွင် အများဆုံးပို့ကုန်(၁၀)မျိုးမှာ ရော်ဘာ (၈၃၆.၅၀၀)တန်၊ (၁.၀၄၅) ဒေါ်လာသန်း၊ ပဲယင်း  (၇၈၉.၅၀၀)တန်၊ (၀.၅၈၄)ဒေါ်လာသန်း၊ CMP (၁၉၅၀၉၇) ခု၊ (၀.၄၇၀) ဒေါ်လာသန်း၊ ပဲတီစိမ်း (၃၃.၀၀၀)တန်၊ (၀.၅၁၆)ဒေါ်လာသန်း၊  ပြောင်း (၁၀၃၆.၅၀၀)တန်၊ (၀.၂၇၉)ဒေါ်လာသန်း၊ ဆန်ကွဲ ( ၆၄၃.၅၀၀) တန်၊ (၀.၂၇၀) ဒေါ်လာသန်း၊ ဆန် (၂၆၄.၅၀၀)တန်၊ (၀.၁၁၉)ဒေါ်လာသန်း၊ မြေထောက်ပဲ (၃၂.၀၀၀) တန်၊ (၀.၀၅၂) ဒေါ်လာသန်း၊ ထောပတ်ပဲ (၃၁.၃၀၀)တန်၊ (၀.၀၄၀)ဒေါ်လာသန်း၊ မတ်ပဲ (၃၄.၀၀၀) တန်၊ (၀.၀၃၂) ဒေါ်လာသန်း၊ လက်ဖက်ခြောက်(၁၂၈.၈၀၀) တန်၊ (၀.၀၂၉ )ဒေါ်လာသန်း ဖြစ်ပါသည်။

ယခုတစ်ပတ်တွင် အများဆုံးသွင်းကုန်(၁၀)မျိုးမှာ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်း (၂.၉၅၃) ဒေါ်လာသန်း၊ ချည်ထည်များ (၂.၀၆၅) ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသော အထည်အလိပ်များ (၁.၆၂၄) ဒေါ်လာသန်း၊ လုပ်ငန်းသုံးအခြားပစ္စည်း (၀.၆၉၈)ဒေါ်လာသန်း၊ ချုပ်ပြီးအဝတ်အထည်များ (၀.၆၀၆) ဒေါ်လာသန်း၊ လူသုံးအခြားပစ္စည်း (၀.၄၂၃) ဒေါ်လာသန်း၊ ဓာတ်မြေဩဇာများ (၀.၃၉၈) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၃၄၀)ဒေါ်လာသန်း၊ ရင်းနှီးအခြားပစ္စည်း (၀.၂၇၈)ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ(၀.၂၂၂) ဒေါ်လာသန်းဖြစ်ပါသည်။

ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ အတက်ကုန်ကားခ ပို့ကုန် တစ်ပိဿာလျှင် (၇၉)ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်း ကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀) ကျပ် ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅)ကျပ် ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက်ကုန်များ၏(၁)တန် ဈေးနှုန်းမှာ  ဆန်(၃၂၀၀) ယွမ်နှုန်း၊ ဆန်ကွဲ (၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀) ယွမ်နှုန်း ၊ မြေထောက်ပဲ (၈၀၀၀)ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀)ယွမ်နှုန်း ၊ နှမ်း (၁၂၀၀၀) ယွမ်နှုန်း၊ ရော်ဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ်(အစို )(၅၀၀၀)ယွမ်နှုန်း၊ ငရုတ်(ခြောက်)(၉၀၀၀) နှုန်း ရှိကြောင်းသိရှိရသည်။ မန္တလေး၊ လားရှိုး၊ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာသွားလာနိုင်ကြောင်း သိရှိရသည်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့မှ (၁၃)ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၃.၀၆၁) ဒေါ်လာသန်း နှင့် သွင်းကုန် (၁၀.၆၉၀) ဒေါ်လာသန်း ကုန်သွယ်မှု ပမာဏအနေဖြင့် (၁၃.၇၅၁) ဒေါ်လာသန်း ယခင်နှစ်ကာလတူ ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ (၇) ရက်နေ့မှ (၁၃)ရက်နေ့အတွင်း  လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၁.၆၉၂) ဒေါ်လာသန်း၊ သွင်းကုန် (၁.၉၉၄) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏ ( ၃.၆၈၆ )ဒေါ်လာသန်းဖြစ်၍ ယခင်နှစ်ကာလတူထက် ပို့ကုန် (၁.၃၆၉) ဒေါ်လာသန်း၊ သွင်းကုန် (၈.၆၉၆) ဒေါ်လာသန်း ပိုမိုခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏ အနေဖြင့် (၁၀.၀၆၅) ဒေါ်လာသန်း ပိုမို ဆောင်ရွက်နိုင်ခဲ့ပါသည်။

တင်ပို့သည့် ပို့ကုန်အမယ်များအနက်  ဆန်၊ ပြောင်း၊ ပဲလွန်းဖြူ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ထောပတ်ပဲ၊ မြေပဲ(အခွံပါ)၊ မြေထောက်ပဲ၊ ပဲယင်း၊ မြေပဲဆံ၊ ပဲနီကြား၊ နှမ်းနက်၊ လက်ဖက်ခြောက်၊ ကွမ်းစားဂမုန်း နှင့် CMP တို့ တင်ပို့မှုပိုမိုခဲ့ပြီး သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုအုပ်စု၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတို့ ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပိုမိုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ အတက်ကုန်ကားခ ပို့ကုန် တစ်ပိဿာလျှင် (၇၉)ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်း ကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀)ကျပ် ကုန်ပွကားခတစ် ပိဿာလျှင် (၁၈၅)ကျပ် ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက်ကုန်များ၏(၁)တန်ဈေးနှုန်းမှာ ဆန် (၃၂၀၀) ယွမ်နှုန်း၊ ဆန်ကွဲ (၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀) ယွမ်နှုန်း ၊ မြေထောက်ပဲ (၈၀၀၀)ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀)ယွမ်နှုန်း ၊ နှမ်း (၁၂၀၀၀) ယွမ်နှုန်း ၊ ရော်ဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ်အစို (၅၀၀၀)ယွမ်နှုန်း၊ ငရုတ်ခြောက် (၉၀၀၀) နှုန်း ရှိကြောင်းသိရှိရသည်။

မန္တလေး၊လားရှိုး၊ သိန္ဒီ ၊ ကွမ်လုံ ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ် ၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာသွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News