Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိပါသည်။ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြားထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကိုတင်ပို့သူမှ တောင်းခံလာပါက စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် Form E ထုတ်ပေးမှုမှာ (၃၃)စောင်ဖြစ်ပြီး ရေခဲကဏန်း၊ ကဏန်း၊ ငါးရှဉ့်၊ ဝါဂွမ်း၊ ဆန်၊ ဆန်ကွဲ၊ ဆီးသီးခြောက်၊ နှမ်းနက်၊ လျှော်ဖြူတို့လျှောက်ထားမှုရှိပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ စုစုပေါင်း Form E (၄၁၄)စောင် ခွင့်ပြုထုတ်ပေးခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပို့ကုန်အမှန်တင်ပို့မှုအနေဖြင့် ကြက်သွန်နီ (၀.၂၀၅) ဒေါ်လာသန်း၊ ဝါဂွမ်း(၀.၂၀၃) ဒေါ်လာသန်း၊ ငါးရှဉ့် (၀.၁၅၅) ဒေါ်လာသန်း၊ လျှော်ဖြူ (၀.၁၀၀) ဒေါ်လာသန်း၊ ပြောင်းဖူးစေ့(၀.၀၅၄) ဒေါ်လာသန်း၊ ရေခဲကဏန်း (၀.၀၅၀) ဒေါ်လာသန်း၊ ကဏန်း(၀.၀၄၄) ဒေါ်လာသန်း၊ ဆန်ကွဲ (၀.၀၄၀) ဒေါ်လာသန်း၊ ဆီးဆံ(၀.၀၃၁) ဒေါ်လာသန်း၊ ဆန် (၀.၀၃၁) ဒေါ်လာသန်းတို့ အများဆုံး တင်ပို့ခဲ့ပါသည်။

သွင်းကုန်အမှန်တင်သွင်းမှုအနေဖြင့် ယာဉ်နှင့် ယာဉ်ယန္တရားများ (၀.၁၂၈) ဒေါ်လာသန်း၊ စပျစ်သီး (၀.၀၇၃)ဒေါ်လာသန်း၊ ကျောက်မီးသွေးအိတ်ခွံ (၀.၀၄၇) ဒေါ်လာသန်း၊ သံချောင်း (၀.၀၄၃) ဒေါ်လာသန်း၊ ကာဗွန်မှုန့် (၀.၀၃၉) ဒေါ်လာသန်း၊ ဝါယာကြိုး (ACSR CABLE WIRE) (၀.၀၃၀)ဒေါ်လာသန်း၊ လိမ္မော်သီး (၀.၀၃၁)ဒေါ်လာသန်း၊ ပန်းသီး(၀.၀၂၉)ဒေါ်လာသန်း၊ ဆိုလာပြား(၀.၀၂၀)ဒေါ်လာသန်း၊ ကြွေပြား (၀.၀၁၉) ဒေါ်လာသန်းအများဆုံးတင်သွင်းခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ (၆၄)စီး၊ သွင်းကုန်ယာဉ်စီးရေ (၇၉)စီး၊ စုစုပေါင်း(၁၄၃)စီး၊ပို့ကုန်(၀.၉၉၃) ဒေါ်လာသန်း၊ သွင်းကုန်(၀.၉၉၆) ဒေါ်လာသန်းနှင့် ကုန်သွယ်မှု ပမာဏ(၁.၉၈၉)ဒေါ်လာသန်း  ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၁ ရက် နေ့မှ၁၅ ရက် နေ့အထိ ပို့ကုန်ယာဉ်စီးရေ(၇၇၆)စီး၊ သွင်းကုန်ယာဉ်စီးရေ (၁၁၉၁) စီး ကုန်သွယ်မှု(၃၁.၇၀၆) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကို ယွမ်ငွေကြေး၊ ဒေါ်လာ ငွေကြေးများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကို ဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်ပါ ဆောင်ရွက်ခွင့်ပြုပြီး ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကို ယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိပါသည်။

မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ (၁)တန်လျှင် (၅၂၀၀-၅၉၀၀)ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၈၀-၂၄၈၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀)ယွမ်၊ မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀)ယွမ်၊ ဧည့်မထဆန် (၁)တန်လျှင် (၃၄၀၀)ယွမ်၊ ဆန်ကွဲ (A 1:2) (၁)တန်လျှင် (၃၀၀၀)ယွမ်၊ ရော်ဘာRSS-3 (၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ် နေကြောင်းသိရှိရပါသည်။

ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုး အတိုင်း တစ်ဖက်နိုင်ငံကုန်ဝယ်သူမှ ပေးချေသည့် ကုန်ဖိုးငွေများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ ပို့ကုန်ရငွေများ ဝင်ရောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၁၅-၁၀-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၀.၉၉၃) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၀.၉၉၆) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၁.၉၈၉) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၃၆၉.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၀၅) သန်း၊ ဝါဂွမ်း (၁၁၈.၀၆၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၂၀၃) သန်း၊ ငါးရှဉ့် (၅၁.၅၂၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၅၅) သန်း၊ လျှော်ဖြူ (၅၂.၁၃၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၀) သန်း၊ ပြောင်း (၂၀၂.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၅၄) သန်း၊ ရေခဲကဏန်း(၁၉.၉၅၀) တန်၊ တန်ဖိုး (၀.၀၅၀)ဒေါ်လာသန်း၊ ကဏန်း(၁၁.၅၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၄၄) သန်း၊ ဆန်ကွဲ (၉၆.၅၀၀)တန် ၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၄၀) သန်း ၊ ဆီးဆံ(၁၃.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၁)သန်းနှင့် ဆန် (၆၈.၅၀၀) တန် ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၁) သန်းတို့ဖြစ်ပါသည်။

အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုး ကန်ဒေါ်လာ (၀.၁၂၈)သန်း၊ စပျစ်သီး တန်ဖိုး ကန်ဒေါ်လာ(၀.၀၇၃) သန်း၊ ကျောက်မီးသွေးအိတ်ခွံ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၇) သန်း ၊ သံချောင်း တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၃) သန်း၊ ကာဗွန်မှုန့် တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၉) သန်း၊ ဝါယာကြိုး တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၀) သန်း၊ လိမ္မော်သီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၁) သန်း၊ ပန်းသီး တန်ဖိုး ကန်ဒေါ်လာ(၀.၀၂၉)သန်း ၊ ဆိုလာပြား တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၀) သန်းနှင့် ကြွေပြား တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၉) သန်းတို့ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၁၄.၃၁၇)သန်း ၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၁၇.၃၈၉) သန်း ၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၃၁.၇၀၆) သန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန် လျက်ရှိကြောင်း သိရှိရပါသည်။ အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိပါသည်။

(၁၅-၁၀-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ကြက်သွန်နီ (၁) တန်လျှင် ကန်ဒေါ်လာ(၅၅၄.၅၅၀) နှုန်း ၊ ဝါဂွမ်း (၁) တန်လျှင် ကန်ဒေါ်လာ (၁၇၂၃.၁၄၁) နှုန်း၊ ငါးရှဉ့် (၁) တန်လျှင် ကန်ဒေါ်လာ (၃၀၀၀.၃၆၁) နှုန်း၊ လျှော်ဖြူ (၁) တန်လျှင် ကန်ဒေါ်လာ (၁၉၁၀.၁၃၅) နှုန်း၊ ပြောင်း (၁) တန်လျှင် ကန်ဒေါ်လာ (၂၆၉.၇၉၂) နှုန်း၊ ရေခဲကဏန်း  (၁)တန်လျှင် ကန်ဒေါ်လာ (၂၄၉၅.၀၈၃) နှုန်း၊ ကဏန်း (၁) တန်လျှင် ကန်ဒေါ်လာ (၃၈၀၀.၁၅၀) နှုန်း၊ ဆန်ကွဲ (၁) တန်လျှင် ကန်ဒေါ်လာ (၄၁၈.၈၇၅)နှုန်း ၊ ဆီးဆံ (၁) တန်လျှင် ကန်ဒေါ်လာ (၂၄၁၇.၂၉၄) နှုန်း ၊ ဆန်  (၁) တန်လျှင် ကန်ဒေါ်လာ(၄၄၈.၅၁၀) နှုန်း တင်ပို့နိုင်ခဲ့ပါသည်။

(၉-၁၀-၂၀၂၃) ရက်နေ့ မှ (၁၅-၁၀-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန် ပစ္စည်းများမှာ ကြက်သွန်နီ (၂၁၃၀.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၁.၂၁၄) သန်း၊ ဝါဂွမ်း (၆၁၇.၆၈၇)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၁.၀၇၂)သန်း၊ ငါးရှဉ့် (၃၀၂.၇၂၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၉၀၈)သန်း၊ သွပ်သတ္တု (၃၂၅.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၈၁၄)သန်း၊ ကဏန်း (၁၄၀.၆၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၅၃၄) သန်း ၊  IRIDIUM (အီရီဒီယမ်သတ္တုဒြပ်စင်) (၀.၀၃၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၃၁၉) သန်း၊ ဆန်ကွဲ (၆၁၅.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၅၉) သန်း၊ လျှော်ဖြူ (၁၃၇.၉၂၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၅၄) သန်း ၊ သီဟိုဠ်စေ့ (၄၇.၆၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၂၃၈) သန်းနှင့် နှမ်း(၁၃၂.၀၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၂၁၁) သန်းတို့ဖြစ်ပါသည်။

(၉-၁၀-၂၀၂၃) ရက်နေ့မှ (၁၅-၁၀-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုးကန် ဒေါ်လာ(၁.၀၅၉) သန်း၊ SKD စနစ်ဖြင့် တင်သွင်းသည့် မော်တော်ဆိုင်ကယ်အပိုပစ္စည်း တန်ဖိုး ကန်ဒေါ်လာ (၀.၇၇၂) သန်း၊ ဓာတ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၃၈၆) သန်း၊ သံချောင်း တန်ဖိုး ကန်ဒေါ်လာ (၀.၃၅၉) သန်း၊ နီကယ်ကုန်ကြမ်း တန်ဖိုး ကန်ဒေါ်လာ (၀.၃၂၁)သန်း၊ ဒီဇယ်ဆီ တန်ဖိုး ကန်ဒေါ်လာ(၀.၂၇၅) သန်း၊ ဘတ္ထရီ တန်ဖိုး ကန်ဒေါ်လာ (၀.၂၃၁) သန်း၊ ဘတ္ထရီဆိုင်ကယ် တန်ဖိုး ကန်ဒေါ်လာ (၀.၂၀၅) သန်း ၊ ဖိနပ်မျိုးစုံ တန်ဖိုး ကန်ဒေါ်လာ (၀.၁၉၉) ကာဗွန်မှုန့် တန်ဖိုး ကန်ဒေါ်လာ (၀.၁၈၇) သန်းတို့ဖြစ်ပါသည်။

(၉-၁၀-၂၀၂၃) ရက်နေ့ မှ (၁၅-၁၀-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ကြက်သွန်နီ (၁) တန်လျှင် ကန်ဒေါ်လာ (၅၆၉.၉၈၄) နှုန်း၊ ဝါဂွမ်း (၁) တန်လျှင် ကန်ဒေါ်လာ (၁၇၃၄.၈၈၁) နှုန်း၊ ငါးရှဉ့် (၁)တန်လျှင် ကန်ဒေါ်လာ (၂၉၉၉.၅၉၇) နှုန်း၊ သွပ်သတ္တု (၁) တန်လျှင် ကန်ဒေါ်လာ (၂၅၀၃.၃၄၅) နှုန်း၊ ကဏန်း (၁) တန်လျှင် ကန်ဒေါ်လာ (၃၇၉၉.၆၉၆) နှုန်း၊ IRIDIUM (အီရီဒီယမ်သတ္တုဒြပ်စင်) (၁) တန်လျှင် ကန်ဒေါ်လာ (၁၀၆၃၂၅၄၁.၂၄၀) နှုန်း၊ ဆန်ကွဲ (၁)တန်လျှင် ကန်ဒေါ်လာ (၄၂၁.၃၂၀) နှုန်း၊ လျှော်ဖြူ (၁) တန်လျှင် ကန်ဒေါ်လာ (၁၈၄၁.၇၁၇) နှုန်း၊ သီဟိုဠ်စေ့ (၁)တန်လျှင် ကန်ဒေါ်လာ (၄၉၉၇.၄၉၇) နှုန်း၊ နှမ်း (၁) တန်လျှင် ကန်ဒေါ်လာ (၁၅၉၇.၀၆၈) နှုန်းဖြင့် တင်ပို့နိုင်ခဲ့ပါသည်။

လက်ရှိကာလအနေဖြင့် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက် ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News