Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၃၈၉၁)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၃.၈၄၁)သန်း နှင့် သွင်းကုန် တန်ချိန် (၁၁၇) ၊ BBL (၄၆၃၀)၊ (၂၂၅၈) M2 ၊ (၆၇၀၁) U၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၂၉၅) သန်း ဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ(၅.၁၃၆) ဒေါ်လာသန်းဖြစ်ပါသည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ပလာလန်းငါးတန်ချိန် (၁၃၉.၃၄၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၈၁၁၄၂.၀၀)၊(၁)တန်ဈေးနှုန်း(၁၃၀၀) အမေရိကန်ဒေါ်လာ၊ ပလာတူးခက်ငါးတန်ချိန် (၁၀၉၀.၅၈၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၈၈၃၃၆၉.၈၀)၊ (၁) တန်ဈေးနှုန်း (၈၁၀) အမေရိကန်ဒေါ်လာ၊ ကုလားငူ ငါးတန်ချိန် (၆.၆၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၉၂၀.၀၀)၊ (၁)တန်စျေးနှုန်း (၁၂၀၀)အမေရိကန်ဒေါ်လာ၊ သဲတိုးငါး တန်ချိန်(၁.၂၅၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၁၆၃၇.၅၀)၊(၁)တန်စျေးနှုန်း (၁၃၁၀)အမေရိကန် ဒေါ်လာ၊ ငါးလိပ်ကျောက်တန်ချိန် (၁.၇၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၃၅၁၉.၀၀)၊ (၁)တန် စျေးနှုန်း (၂၀၇၀)အမေရိကန်ဒေါ်လာ၊ ကုလားကုတ်ငါးတန်ချိန် (၂.၁၂၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၃၀၇.၂၀)၊ (၁) တန်စျေးနှုန်း (၁၅၆၀)အမေရိကန်ဒေါ်လာ၊ ငါးရွှေ တန်ချိန် (၆.၅၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၁၈၄.၀၀)၊ (၁)တန်စျေးနှုန်း (၁၄၀၀)အမေရိကန်ဒေါ်လာ၊ ငါးဝိုင်းတန်ချိန်(၂၅.၇၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၂၆၆၈.၈၀)၊ (၁)တန်စျေးနှုန်း (၈၈၀)အမေရိကန်ဒေါ်လာ၊ ရေဘဝဲ တန်ချိန်(၂.၈၀၀)၊တန်ဖိုးအမေရိကန် ဒေါ်လာ (၆၂၇၂.၀၀)၊ (၁)တန်စျေးနှုန်း (၂၂၄၀)အမေရိကန်ဒေါ်လာ၊ ကဏန်းတန်ချိန် (၆.၅၁၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၅၃၂၃.၉၀)၊ (၁)တန်စျေးနှုန်း (၃၈၉၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာဓါတ်ဆီ တန်ချိန် (၁၀၀)တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၁၀၇၀၀၀)၊ (၁) တန်ဈေးနှုန်း (၁၀၇၀) အမေရိကန်ဒေါ်လာ၊ ဒီဇယ်ဆီ တန်ချိန် (၅၀၀) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၁၈၀၀၀)၊ (၁) တန်ဈေးနှုန်း (၁၀၃၆) အမေရိကန်ဒေါ်လာ၊ ပီလောပီနံမှုန့် တန်ချိန် (၉၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၅၀၀၀)၊ (၁) တန်ဈေးနှုန်း (၅၀၀) အမေရိကန် ဒေါ်လာ၊ ကားတာယာအရေအတွက် (၆၂၄၀)U၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၆၀၀၀)၊ (၁) Uဈေးနှုန်း (၈.၉၇)အမေရိကန်ဒေါ်လာ၊ ဘတ္တရီ အရေအတွက် (၄၆၁)U၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၂၀၀၀)၊ (၁) Uဈေးနှုန်း (၄၇.၇၂) အမေရိကန်ဒေါ်လာဖြစ်ပြီး ငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ် ရှိကြောင်း သိရှိရပါသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၁၆-၁၀-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၁၀၉၃.၀၀)ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၉၁.၅) ကျပ်ခန့် (၁၅-၁၀-၂၀၂၃) ရက်နေ့ နှိုင်းယှဉ်လျှင် တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၀၅၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၃၀၅၀) ကျပ်ဖြင့်တည်ငြိမ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News