Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့မှ (၁၅) ရက် နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၈၄) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၀၄၈၇) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၄၃၂၇) သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာလ (၁၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၁၅၄.၄၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၀၀၄) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၉.၈၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၇၄)သန်း၊ ဂျင်းခရု (အရှင်) (၂၀.၃) တန်၊ တန်ဖိုးကန် ဒေါ်လာ(၀.၀၃၀၅)သန်း၊ ဂဏန်း(အသေ) (၁၁.၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၃၅) သန်း၊ ရေခူဆားနယ် (၃၂.၄) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၆၁၉) သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၇၉)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၅၉)သန်း၊ ငှက်ပျောသီး (၄၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၁၈)သန်း၊ ငရုတ်သီးစိမ်း (၈.၁)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၆၂)သန်း၊ တံမြက်စည်း (၃၃၀၀၀)U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၆၄)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၄.၅)တန် ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၂) သန်း၊ ကြွေပြား (၁၈၀၀)M2 ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅၈)သန်း၊ ကြွေပြားကပ်ကော်မှုန့် (၁၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၁)သန်း၊ ပလတ်စတစ်ခွက် (၀.၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၂)သန်း၊ ငါးအစာ (၁၂၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၀၄)သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ - ငါးမျိုးစုံ (၁၂၉၇.၃၄) ဒေါ်လာနှုန်း၊ (၁၅၄.၄၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၀၀၄) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၇၉၆.၉၅) ဒေါ်လာနှုန်း၊ (၉.၈၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၇၄) သန်း၊ ဂျင်းခရု (အရှင်) (၁၅၀၂.၄၆)ဒေါ်လာနှုန်း၊ (၂၀.၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၀၅) သန်း၊ ဂဏန်း (အသေ) (၁၁၈၄.၂၁) ဒေါ်လာနှုန်း၊ (၁၁.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၅) သန်း၊ ရေခူဆားနယ် (၁၉၁၀.၄၉) ဒေါ်လာနှုန်း၊ (၃၂.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၁၉) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၁၂၆.၅၈) ဒေါ်လာနှုန်း၊ (၀.၇၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၅၉) သန်း၊ ငှက်ပျောသီး (၂၉၅) ဒေါ်လာနှုန်း၊ (၄၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁၈)သန်း၊ ငရုတ်သီးစိမ်း (၇၆၅.၄၃) ဒေါ်လာနှုန်း၊ (၈.၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၀၆၂)သန်း၊ တံမြက်စည်း (၁)ချောင်းလျှင် (၀.၁၉၄) ဒေါ်လာနှုန်း၊ (၃၃၀၀၀) U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၆၄)သန်း ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏(၁) တန် ဈေးနှုန်းမှာ - သစ်သီး (၂၆၆.၆၇) ဒေါ်လာနှုန်း၊ (၄.၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၂) သန်း၊ ကြွေပြား ကပ်ကော်မှုန့် (၇၃.၃၃) ဒေါ်လာနှုန်း၊ (၁၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၁) သန်း၊ ပလတ်စတစ်ခွက် (၄၀၀) ဒေါ်လာနှုန်း၊ (၀.၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၂) သန်း၊ ငါးအစာ (၃၃၆.၆၇) ဒေါ်လာနှုန်း၊ (၁၂၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၄၀၄) သန်း၊ ကြွေပြား (၁) M2 လျှင် (၃.၂၂) ဒေါ်လာနှုန်း၊ (၁၈၀၀) M2 ၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၅၈) သန်း ဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။  မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၅-၁၀-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၇၅)၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၃.၀၂၃) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံး ပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၅-၁၀-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၇၅)၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၃.၀၂၃) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News