Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၁၀-၁၀-၂၀၂၃) ရက်နေ့မှ (၁၃-၁၀-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ သခွားစေ့၊ တွင်းထွက်ပစ္စည်းများဖြစ်သည့် ခဲ/သတ္တုများ၊ ရေထွက်ပစ္စည်းများဖြစ်သည့် ငါးကြင်းဆီဖောင်းနှင့် CMP ပစ္စည်းများကို တင်ပို့ခဲ့ပါသည်။ (၁၀-၁၀-၂၀၂၃) ရက်နေ့မှ (၁၃-၁၀-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်၊ ကြက်သွန်နီနှင့် CMP ပစ္စည်းများဖြစ်ပါသည်။

ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်း ဝယ်လိုအားမြှင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လို်င်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

(၁၀-၁၀-၂၀၂၃) ရက်နေ့မှ (၁၃-၁၀-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် တိရစ္ဆာန် အစာ၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် ယာဉ်ယန္တရားများ၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ CMP ၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုံးပစ္စည်း၊ ဓာတ်မြေဩဇာ၊ အိမ်သုတ်ဆေး၊ လူသုံး ကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်းကိရိယာများ၊ ငါးဖမ်းပစ္စည်းတို့ကို တင်သွင်းခဲ့ပါသည်။

(၁၀-၁၀-၂၀၂၃) ရက်နေ့မှ (၁၃-၁၀-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ  အဝတ်အထည်၊ CMP၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့် စက်အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ ဖြစ်ပါသည်။ ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၁.၇၄) ကျပ်ရှိပြီး ယခုအပတ်တွင် (၉၂.၅၉) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းငယ် မြင့်တက်ခဲ့ပါသည်။

(၇-၁၀-၂၀၂၃ မှ ၁၃-၁၀-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁)တန်လျှင်(၆၄၁.၅၅၉) ဒေါ်လာဖြင့် (၁၆၃၁.၉၆၀)တန် (၁.၀၄၇) ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (၅၈၅၅၉) U၊ (၁၁.၄၃၈) တန် (၀.၈၈၅)‌ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်) (၁)တန်လျှင် (၁၆၃၅.၀၀၆) ဒေါ်လာဖြင့် (၃၃၆.၃၉၀)တန် (၀.၅၅၀) ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင် (၄၀၀.၃၅၃) ဒေါ်လာဖြင့် (၆၇၆.၉၀၂)တန် (၀.၂၇၁)ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်းများ (၁) တန်လျှင် (၁၃၃၅.၃၆၅) ဒေါ်လာဖြင့် (၁၆၄) တန် (၀.၂၁၉) ဒေါ်လာသန်း၊ နှမ်းဖြူ (၁) တန်လျှင် (၂၁၀၄.၁၆၆) ဒေါ်လာဖြင့် (၉၆) တန် (၀.၂၀၂) ဒေါ်လာသန်း၊ ဂေါ်ဖီထုပ် (၁)တန်လျှင် (၂၀၀.၆၄၇) ဒေါ်လာဖြင့် (၇၇၂.၅၀၀) တန် (၀.၁၅၅) ဒေါ်လာသန်း၊ ကွမ်းသီး (၁) တန်လျှင် (၁၅၂၇.၇၇၇) ဒေါ်လာဖြင့် (၇၂) တန် (၀.၁၁၀) ဒေါ်လာသန်း၊ အခြားရေထွက်ပစ္စည်း  (၁) တန်လျှင် (၃၄၃၇.၅၀၀) ဒေါ်လာဖြင့် (၁၂.၈၀၀) တန် (၀.၀၄၄) ဒေါ်လာသန်း၊ ချင်းခြောက် (၁) တန်လျှင် (၉၉၅.၀၂၅) ဒေါ်လာဖြင့် (၁၄.၀၇၀) တန် (၀.၀၁၄) ဒေါ်လာသန်းတို့ဖြစ် ပါသည်။

(၇-၁၀-၂၀၂၃ မှ ၁၃-၁၀-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၁.၅၇၇) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၁.၀၁၅) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၀.၉၅၂) ဒေါ်လာသန်း၊ ပုံနှိပ်စက္ကူများ(၀.၉၂၅)ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၆၇၀) ဒေါ်လာသန်း၊ အလှကုန်ပစ္စည်းမျိုးစုံ (၀.၆၄၀) ဒေါ်လာသန်း၊ ဝါယာကြိုးများ (၀.၅၈၉) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၀.၅၆၂) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၅၄၉) ဒေါ်လာသန်းနှင့် မော်တော်ယာဉ်နှင့် မော်တော် ယာဉ်ပစ္စည်းများ (၀.၃၉၆) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၈.၈၉၇) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၃၀.၈၄၅) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၃၉.၇၄၂ ) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News