Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၁၃-၁၂-၂၀၂၃)မှ (၁၇-၁၂-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်ဆန် (၂၉၉၉.၅၀) တန်၊ တန်ဖိုး (၁.၇၀၀) ဒေါ်လာ သန်း၊ ဆန်ကွဲ (၁၄၇၆.၂၅၀) တန်၊ တန်ဖိုး (၀.၆၄၈) ဒေါ်လာသန်း၊ ပြောင်း (၁၅၉၇.၂၅၀)တန်၊ တန်ဖိုး (၀.၄၁၀) ဒေါ်လာသန်း၊ ရော်ဘာ (၂၃၂.၀၀) တန်၊ တန်ဖိုး (၀.၃၂၇) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၆၈၈.၀၀) တန်၊ တန်ဖိုး (၀.၂၅၁) ဒေါ်လာသန်း၊ ဖရဲသီး (၈၂၈.၅၀) တန်၊ တန်ဖိုး (၀.၀၇၆) ဒေါ်လာသန်း၊ သခွားမွှေး (၃၅၄.၀၀) တန်၊ တန်ဖိုး (၀.၀၇၄) ဒေါ်လာသန်း၊ ကြံ (၄၈၀.၀၀) တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်း၊ ရှောက်ကောသီး (၆.၀၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ သီဟိုဠ်စေ့ (၃၂.၀၀) တန်၊ တန်ဖိုး (၀.၁၆၄) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန်တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲတစ်တန် လျှင်(၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ဖရဲသီးတစ်တန်လျှင်(၁၅၀)ဒေါ်လာ၊ ရော်ဘာတစ်တန်လျှင် (၁၄၀၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင် ဆေးဝါးပစ္စည်း (၇၅၄၅၈၀) U ၊ တန်ဖိုး (၀.၁၃၄) ဒေါ်လာသန်း၊ စက္ကူလိပ် (၃၆.၅၀) တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း၊ ဂျပ်ဖာ (၇၁.၅၅) တန်၊ တန်ဖိုး (၀.၀၂၈) ဒေါလာသန်း၊ ထွန်စက် (၅) U ၊ တန်ဖိုး (၀.၀၄၅) ဒေါ်လာသန်း၊ ပီနံအိတ် (၃၆.၅၀) တန်၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်း၊ ချည် (၈၅.၅၀) တန်၊ တန်ဖိုး (၀.၀၅၃) ဒေါ်လာ သန်း၊ တစ်သျှူးလိပ် (၂၁.၀၀) တန်၊ တန်ဖိုး (၀.၀၄၂) ဒေါ်လာသန်း၊ မြက်ခင်းတု (၂၆.၀၀) တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ ပတ္တာကြိုး (၂၈.၆၄) တန်၊ တန်ဖိုး (၀.၀၃၅) ဒေါ်လာသန်း၊ စောင် (၂၉.၅၀) တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း၊ ဖော့ (၁၄.၀၀) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာ သန်း၊ နန်းကြိုးခွေ(၇၅.၀၀) တန်၊ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်း၊ သံပိုက်/သံပြား (၄၈.၀၀) တန်၊ တန်ဖိုး(.၀၅၃)ဒေါ်လာသန်း၊ ဂျပ်စက္ကူ(၁၆.၅၀) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ အဲယာကွန်း (၁၀၀) U ၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၃.၅၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ကုန်စုံ (၄၇၁.၁၁) တန်၊ (၃၇၄၀၀) U၊ (၇၂၀၀) PR၊ တန်ဖိုး (၀.၃၅၅) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

သွင်းကုန်ပစ္စည်း ဈေးနှုန်းများအနေဖြင့် နှစ်ဘီးထွန်စက်တစ်စီးလျှင် (၆၀၀)ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ်တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ချည်ခင်တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ ဆောင်ခမှာ(၁၂)ဘီး ယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ (၈၀၀၀၀၀) ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး-လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း)- စိန်လုံ - လွယ်ဂျယ်လမ်း ကြောင်း၊ ဗန်းမော်ဒေသထွက် ပို့ကုန်ပစ္စည်းများအား ဗန်းမော်-မိုးမောက်(ကျောက်စခန်း) - စိန်လုံ-လွယ်ဂျယ်လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း) ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၁၂-၁၂-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၆၅)ကျပ်ဖြစ်ခဲ့ပြီး၁၇-၁၂-၂၀၂၃ရက်နေ့မှာတော့(၁)ယွမ်လျှင် (၄၆၇)ကျပ်ဖြစ်၍မြန်မာကျပ်ငွေ ဈေးအနည်းငယ်ကျခဲ့ကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News