Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၆.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၈.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။ ဒီဇင်ဘာလ (၁၇) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၁၀.၁၄၁) ဒေါ်လာသန်း၊ သွင်းကုန် (၁.၇၉၆) ဒေါ်လာသန်း၊ စုစုပေါင်း (၁၁.၉၃၇) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၆၄.၅၂၄%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

ဒီဇင်ဘာလ (၁၇)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ သခွါးမွှေး၊ Marble Stone ၊ ရော်ဘာ၊ ရှောက်ကောပါကောနှင့် ဧည့်မထဆန်တို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅) ဒေါ်လာတို့ဖြင့် တန်ချိန် (၂၇၀၂၀၅) တန်၊ တန်ဖိုး (၉.၂၈၉) ဒေါ်လာသန်း၊ ရော်ဘာစိမ်းတင်ပို့မှုအနေဖြင့် တန်ချိန် (၁၉၃)တန်၊ တန်ဖိုး (၀.၂၆၁) ဒေါ်လာသန်း၊ ဖရဲသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၇၁၂) တန်၊ တန်ဖိုး(၀.၀၉၈)ဒေါ်လာသန်း၊ ရှောက်ကောပါကော တင်ပို့မှုအနေဖြင့် တန်ချိန်(၂၀)တန်၊ တန်ဖိုး(၀.၀၂၂) ဒေါ်လာသန်း၊ Marble Stoneတင်ပို့မှုအနေဖြင့် တန်ချိန်(၅၀၀)တန်၊ တန်ဖိုး (၀.၀၈၈) ဒေါ်လာသန်း၊ သခွါးမွှေးတင်ပို့မှုအနေဖြင့် တန်ချိန်(၂၅)တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်းနှင့် ဆန်တင်ပို့မှုအနေဖြင့် တန်ချိန် (၆၇၂)တန်၊ တန်ဖိုး(၀.၃၇၉)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe၊ Artificial Grass ၊ ပန်းသီး ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၁၄၁) တန်၊ တန်ဖိုး (၀.၃၄၂)ဒေါ်လာသန်း ၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၆၀၈) တန်၊ တန်ဖိုး (၁.၀၇၇) ဒေါ်လာသန်း၊ လူသုံး ပစ္စည်းတန်ချိန် (၆၃၉.၅) တန်၊ တန်ဖိုး (၀.၃၇၅) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

Source: https://commerce.gov.mm

Category: Local News