Local News

မန္တလေးကုန်စည်ဒိုင်တွင် မြေပဲဆံ အဝင်နည်း၊ အရောင်းသွက်နေမှုအခြေအနေ

Last Updated:

ဒီဇင်ဘာလ ဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ မြေပဲဆံဝင်ရောက်မှုနည်းလာပြီး မြေပဲလုံးဆန်များကို တရုတ်ဝယ်လက်မှ ဝယ်ယူမှုရှိကြောင်း၊ ကျွန်းတွင်စိုက်ပျိုးမည့် တောင်သူများမှ မျိုးမြေပဲများဝယ်ယူနေပြီး၊ ဆီဆန်ကို ဆီစက်သမားများမှ ဝယ်ယူနေသောကြောင့် မြေပဲဆံ တစ်ပိဿာလျှင် ယခင်တစ်ပတ်ထက် ကျပ်  ၂၀၀ မှ ၁၀၀၀ ထိမြင့်တက်လာကြောင်း မန္တလေး ကုန်စည်ဒိုင် ဈေးကွက်မှ သိရသည်။

မြေပဲလုံးဆန် (နီ) တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၆၄၀၀ မှ ၆၅၀၀၊ ယခင်တစ်ပတ်ကျပ် ၅၅၀၀ မှ ၅၈၀၀၊ ယခင်လကျပ် ၅၅၀၀ မှ ၆၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၆၀၀ မှ ၁၀၀၀၊ ယခင်လထက်ကျပ် ၄၀၀ မှ ၁၀၀၀ မြင့်တက်လာသည်။

မြေပဲလုံးဆန် (ဖြူ) တစ်ပိဿာ ဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ် ၅၈၀၀ မှ ၆၃၀၀၊ ယခင် တစ်ပတ် ကျပ် ၅၆၀၀ မှ ၆၀၀၀၊ ယခင်လကျပ် ၅၈၀၀ မှ ၆၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀ မှ ၃၀၀၊ ယခင်လထက်ကျပ် ၃၀၀ မြင့်တက်လာသည်။

S1 ဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၅၃၀၀ မှ ၅၅၀၀၊ ယခင်တစ်ပတ်ကျပ် ၅၂၀၀ မှ ၅၃၀၀၊ ယခင်လကျပ် ၅၄၀၀ မှ ၅၅၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ မှ ၂၀၀ ယခင်လထက်ကျပ် ၁၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး                  

Category: Local News