Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၃ ) ရက်နေ့မှ ( ၁၇ ) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၅၃၇) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၂၃၇) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၃၇၇၄)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလ(၁၃) ရက်နေ့မှ ( ၁၇ ) ရက်နေ့အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၁၁၁.၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၂၄၅)သန်း၊ ဂျင်းခရု (အရှင်) (၁၅.၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၃၉)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၄.၅၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၆၈)သန်း၊ ပုစွန်ငါးပိ (၀.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၉) သန်း၊ ဂဏန်း(အသေ)(၇.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၈၁)သန်း၊ ရေခူဆားနယ်  (၁၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၈၉)သန်း၊ ကင်းမွန်ပြုတ်ခြောက်  (၀.၄၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၂၁)သန်း၊ ရေချိုပုစွန်(၀.၃)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၂၇)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၆၁)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၂၇)၊ ငှက်ပျောသီး (၄၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၄)သန်း၊ ငရုတ်သီးစိမ်း (၁၄၈.၀၈၆)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၈၃)သန်း၊ ဓနိဖက် (၆)တန်၊တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၈)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၃၆)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၅)သန်း၊ ပုစွန်အစာ (၁၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃)သန်း၊ ငါးသေတ္တာဘူးခွံ (၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၃)သန်း၊ ကြွေပြား (၁၆၀၀)M2 ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၉)သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - ငါးမျိုးစုံ (၁၁၁၄.၅၉) ဒေါ်လာနှုန်း၊ (၁၁၁.၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၂၄၅) သန်း၊ ဂျင်းခရု (အရှင်) (၁၅၂၂.၂၉) ဒေါ်လာနှုန်း၊ (၁၅.၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၃၉) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၆၉၂.၃၁) ဒေါ်လာနှုန်း၊ (၄.၅၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၆၈) သန်း၊ ပုစွန်ငါးပိ (၁၈၀၀) ဒေါ်လာနှုန်း၊ (၀.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၉) သန်း၊ ဂဏန်း (အသေ) (၁၀၈၀) ဒေါ်လာနှုန်း၊ (၇.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈၁) သန်း၊ ရေခူဆားနယ် (၁၉၂၆.၆၇) ဒေါ်လာနှုန်း၊ (၁၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၈၉) သန်း၊ ကင်းမွန်ပြုတ်ခြောက် (၄၆၆၆.၆၇) ဒေါ်လာနှုန်း၊ (၀.၄၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၁) သန်း၊ ရေချိုပုစွန် (၉၀၀၀) ဒေါ်လာနှုန်း၊ (၀.၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၇) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၈၁၉.၆၇) ဒေါ်လာနှုန်း၊ (၀.၆၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂၇) သန်း၊ ငှက်ပျောသီး (၃၁၁.၁၁) ဒေါ်လာနှုန်း၊ (၄၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၄)သန်း၊ ငရုတ်သီးစိမ်း (၇၉၈.၈၆) ဒေါ်လာနှုန်း၊ (၁၄၈.၀၈၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၈၃)သန်း၊ ဓနိဖက် (၁၃၃.၃၃) ဒေါ်လာနှုန်း၊ (၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၈)သန်း ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းမှာ - သစ်သီး (၃၇၅) ဒေါ်လာနှုန်း၊ (၃၆)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၃၅) သန်း၊ ပုစွန်အစာ (၃၀၀) ဒေါ်လာနှုန်း၊ (၁၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၃)သန်း၊ ငါးသေတ္တာ ဘူးခွံ (၆၆၀) ဒေါ်လာနှုန်း၊ (၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၃၃)သန်း၊ ကြွေပြား (၁)M2 လျှင် (၂.၄၄) ဒေါ်လာနှုန်း၊ (၁၆၀၀) M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၉)သန်း ဖြစ်ပါသည်။

မြိတ်မှမောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ်(၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀)ကျပ်နှင့်ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့်ဘဏ် စနစ်အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၇-၁၂-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲ နှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၂၅)၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၇.၅၆) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News