Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်နေ့မှ ဒီဇင်ဘာလ(၁၇) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သားတစ်တန်လျှင် (၁၈၂၂) ဒေါ်လာနှုန်းဖြင့်( ၉ ) တန် ၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့်မောတောင် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်နေ့မှ ဒီဇင်ဘာလ (၁၇) ရက်နေ့အတွင်း ဒီဇယ်တစ်တန်လျှင် (၈၅၂) ဒေါ်လာနှုန်းဖြင့်(၁၄၀၀) တန် ၊ တန်ဖိုး (၁.၁၉၂) ဒေါ်လာ သန်း၊ ဓာတ်ဆီတစ်တန်လျှင် (၈၆၄) ဒေါ်လာနှုန်းဖြင့်(၄၇၅) တန်၊ တန်ဖိုး (၀.၄၁၀) ဒေါ်လာသန်း၊  ရင်းနှီးမြှုပ်နှံမှုပစ္စည်း(၇၅.၅) တန် ၊ (၄၀၀) U ၊ တန်ဖိုး (၀.၀၃၅) ဒေါ်လာသန်း၊ လုပ်ငန်းသုံးကုန်ပစ္စည်း(၁) တန် ၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း ၊ စုစုပေါင်းသွင်းကုန်တန်ဖိုး (၁.၆၃၈) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ(၂၈၅၀) ကျပ်နှင့် ဒီဇယ် တစ်လီတာ (၂၈၆၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၇) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News