Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၉-၁၂-၂၀၂၃ မှ ၁၅-၁၂-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့်ကော်ဖီစေ့ (၁၇) တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း၊ လိမ္မော်သီး (၂၆.၄) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ ကြက်သွန်နီ(၁၅) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ ထောပတ်သီး (၄၉၇) တန်၊ တန်ဖိုး (၀.၂၇၄)ဒေါ်လာသန်း၊ကြက်သွန်ဖြူ (၃၅) တန်၊ တန်ဖိုး (၀.၀၉၉) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၅၀) တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ Maganese Dioxode(၃၆၀)တန်၊ တန်ဖိုး(၀.၀၃၂)ဒေါ်လာသန်း၊အလူမီနီယမ်ဖြတ်စ(၄) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်းနှင့် ပလတ်စတစ်ဖြတ်စ(၂၀) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း အပါအဝင်ပို့ကုန် တန်ဖိုး (၀.၅၀၀) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခင်အပတ်ထက် ပို့ကုန်တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ် (၁) သိန်း လျှင် (၁၀၁၇) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၉-၁၂-၂၀၂၃မှ၁၅-၁၂-၂၀၂၃) တွင် ဓာတ်ဆီ (၃၂၈၉) BBL ၊ တန်ဖိုး (၀.၃၇၈) ဒေါ်လာသန်း၊ ဒီဇယ် (၅၂၄၀) BBL ၊ တန်ဖိုး (၀.၆၆၁) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၆၈) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၀၆၄) ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၀၉) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၄၈၉) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၇) ဒေါ်လာသန်း၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ (၀.၁၁၆) ဒေါ်လာသန်း၊ သတ္တုကုန်ကြမ်းပစ္စည်းများ (၀.၀၀၁) ဒေါ်လာ သန်း၊ ဆပ်ပြာ(၀.၀၁၂)ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၁၈) ဒေါ်လာသန်း အပါအဝင် သွင်းကုန်တန်ဖိုး (၂.၁၃၁) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက သွင်းကုန်တန်ဖိုး (၀.၃၅၂) ဒေါ်လာသန်းပိုမိုခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News