Local News

မန်းဈေးကွက်အတွင်း ရာသီစာ ဗမာခရမ်းချဉ်သီးဈေးကွက်

Last Updated:

မန္တလေးမြို့တွင်း ယခုဆောင်းရာသီကာတွင် ဗမာခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ရှိပါသည်။ ဗမာခရမ်းချဉ်သီးကို အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းနှင့် ပုသိမ်ကြီးမြို့နယ် မင်းဂံနှင့် အရှေ့တောတို့တွင် မိုးသီးနှံများ မစိုက်ပျိုးမီကာလ ဩဂုတ်လတွင် စတင်စိုက်ပျိုးကြပါသည်။ ဒေသတောင်သူများအနေနှင့် စတင်စိုက်ပျိုးချိန်တွင် မြေဩဇာအဖြစ်သာမက နွားချေးနှင့် ကောက်ရိုးများကို မြေဩဇာအဖြစ် အသုံးပြုပြီးစိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး ၂-၃ လအတွင်း သီးပွင့်အားဆေး ၁ ကြိမ်ဖြန်းပြီးပါက နိုဝင်ဘာလကုန်ပိုင်းတွင် အသီးများစတင်ခူးဆွတ်နိုင်ပါသည်။ စတင်ခူးဆွတ်ချိန်ကာလတွင် ခရမ်းချဉ်ယာတစ်ခင်းလျှင် ကုန်ချိန်ပိဿာ ၅ ပိဿာမှ ၇ ပိဿာဝန်းကျင်ရရှိပြီး ဈေးကောင်းရရှိသည့်ကာလလည်းဖြစ်ပါသည်။ ယခုနှစ်ရာသီ ခရမ်းချဉ်သီး ၁ ပိဿာ နိုဝင်ဘာလ တတိယပတ်တွင် တောင်သူရောင်းဈေး ၁ ပိဿာ ၃၀၀၀-၃၂၀၀ ကျပ် ဈေးနှုန်းများနှင့် စတင်ဖွင့်ခဲ့ပြီး ဒီဇင်ဘာလ လှိုင်လှိုင်ပေါ်သည့်ရာသီတွင် တောင်သူရောင်းဈေး ၂၃၀၀-၂၅၀၀ ကျပ်၊ ၁၅.၁၂.၂၀၂၃ ရက်နေ့တွင် ၁၈၀၀-၂၀၀၀ ကျပ်ဈေးများနှင့် ရောင်းဝယ်လျက်ရှိပြီး၊ စားသုံးသူများဝယ်ယူရာတွင်လည်း စတင်ပေါ်ချိန်တွင် ၁ပိဿာ ၄၀၀၀ ကျပ်မှစတင်ဝယ်ယူခဲ့ရပြီး၊ ၁၅.၁၂.၂၀၂၃ ရက်နေ့တွင် စားသုံးသူဝယ်ယူဈေး ၁ ပိဿာ လုံးကြီးလုံးချော ၂၅၀၀ ကျပ်မှ အမှည့်သီးများကို ၁ ပိဿာ ၂၀၀၀ ကျပ်ဈေးများနှင့် ဝယ်ယူရကြောင်း၊ တောင်သူများအနေနှင့်  ရာသီစာခရမ်းချဉ်သီးစိုက်ပျိုးမှုတွင် စတင်စိုက်ပျိုးချိန်တွင် မျိုးစေ့ကိုလည်း ယခင်နှစ်ရာသီက အစေ့ထုတ်၍ နောင်နှစ်စိုက်ပျိုးရန်အတွက် အစေ့များကို စနစ်တကျထိန်းသိမ်းထားရှိပြီး စိုက်ပျိုး ကြပါသည်။ သဘာဝမြေဩဇာကို အသုံးပြုခြင်း သီးပွင့်ရာသီရောက်ခါနီးတွင် သီးပွင့်အားဆေး ၁ ကြိမ်ပက်ဖြန်းပေးခြင်းဖြင့် အသီးများ လှိုင်လှိုင်သီးသည့်အတွက် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်နိုင်ပြီး အကျိုးအမြတ်ခံစားရသည့် သီးနှံတစ်ခုဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News