Local News

ကံမမြို့၊ တောင်ချောင်းဘက်နှင့် မြောက်‌ချောင်းဘက်ရှိ ပတ်ဝန်းကျင်ကျေးရွာများမှထွက်ရှိသည့် ပဲတီစိမ်းနှင့်မတ်ပဲဈေးနှုန်းဈေးကွက်အခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ တောင်ချောင်းဘက်ရှိ လိပ်ဒုံး၊ ပြောင်ကျ၊ ပယ်ကျ၊ ဒန်းကိုင်း၊ ထန်းတပင်၊ ရွှေစင်၊ အလယ်ရွာနှင့် မြောက်ချောင်းဘက်ရှိ ရေနံ့သာ၊ ဆုံကုန်း၊ ခြောက်ပင်၊ သံပရာ၊ အုပ်ရှစ်ချို၊ မင်းတည်းကျေးရွာများတွင် ပဲတီစိမ်းနှင့်မတ်ပဲများ ထွက်ပေါ်နေပြီဖြစ်ကြောင်းသိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် တောင်ချောင်းဘက်ရှိ ပဲတီစိမ်းသီးနှံမှာ (၃၀) ပိဿာဝင် (၁)အိတ်လျှင် ကျပ်(၈၇၇၅၀)ဖြင့် (ပထမပတ်)ပတ်ထက် ကျပ်(၇၅၀၀) အမြင့်ဈေးဖြင့် (၁)ရက်လျှင် အိတ်(၄၀) ခန့်၊ မတ်ပဲသီးနှံမှာ ဒီဇင်ဘာလ (ဒုတိယပတ်)တွင် (၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၁၃၇၂၅၀)ဖြင့် (ပထမပတ်)ထက် ကျပ်(၁၅၀၀)အမြင့်ဈေးဖြင့် တစ်နေ့လျှင် အိတ်ရေ(၇၀)ဝန်းကျင်ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး နေ့စဉ် ပဲခူးတိုင်း၊ ပြည်မြို့သို့ တင်ပို့ရောင်းချရကြောင်း ကံမမြို့ရှိ ကုန်သည်ဦးတင်မျိုးလှိုင်ထံမှသိရပါသည်။

ဒီဇင်ဘာလ (ဒုတိယပတ်)တွင် မြောက်ချောင်းဘက်ရှိ ပဲတီစိမ်းသီးနှံမှာလည်း (၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၈၈၅၀၀)ဖြင့် (၁)ရက်လျှင် အိတ်(၅၀ မှ ၇၀)ခန့်ဝင်ရောက်လျက်ရှိကြောင်း၊  မတ်ပဲသီးနှံမှာ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် (၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၁၃၈၇၅၀)ဖြင့် တစ်နေ့လျှင် အိတ်ရေ(၅၀မှ၆၀)ခန့်ဝယ်ယူရရှိပြီးနေ့စဉ် ပြည်မြို့သို့ ကားဖြင့်တင်ပို့ရောင်းချရကြောင်း၊ တောင်ချောင်းနှင့် မြောက်ချောင်းသီးနှံဈေးနှုန်းများကွာခြားရခြင်းမှာ ‌ရေနံ့သာမှ ကံမမြို့သို့ ကားသယ်ယူခစရိတ်ကွာခြားရခြင်းကြောင့်ဖြစ်ကြောင်း ရေနံ့သာကျေးရွာရှိ ကုန်သည်ဦးထိုက်သူအောင်ထံမှသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News