Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်  ၁၈.၀၀ အမေရိကန်ဒေါ်လာသန်းနှင့် သွင်းကုန် ၂.၅၀  ဒေါ်လာသန်းဖြင့် စုစုပေါင်း ၂၀.၅၀၀ ဒေါ်လာသန်း ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် ၁၅.၄၅၁ ဒေါ်လာသန်း၊ သွင်းကုန် ၁.၅၉၆ ဒေါ်လာသန်း၊ စုစုပေါင်း ၁၇.၀၄၇ ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် ၈၃.၁၅၇% ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဖေဖော်ဝါရီလ ၁၇ ရက်အတွင်း ပို့ကုန်အမယ်များ အနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊ Iron Concentrate ၊ မကျီးသီး(အစေ့ပါ)၊ ဆီးသီးခြောက်၊ ငရုတ်သီးနှင့် ကြက်သွန်နီတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ တင်သွင်းနိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော ၁၅၀၂၅ တန်၊ ဆန် ၃၄၈ တန်၊ ကြက်သွန်နီ ၁၇၈၇ တန်၊ ငရုတ်သီး ၃၇၄ တန်၊ Iron Concentrate ၅၆ တန်၊ ဆီးသီးခြောက် ၃၄ တန်၊ မန်းကျည်းသီး(အစေ့ပါ) ၃၄.၀ တန်နှင့်ရွှေဖရုံသီး ၁၁၄၅ တန် တင်ပို့နိုင်ခဲ့သည်။ အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ သံပိုက်၊ မြက်ခင်းတု၊ လိမ္မော်သီးနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်း ၄၆.၅၀ တန်၊ လုပ်ငန်းသုံးပစ္စည်း ၆၅ တန်နှင့် လူသုံးပစ္စည်း ၁၂၁.၅ တန်တို့ တင်သွင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

Source: (DOT ကံပိုင်တည်)

Source: https://commerce.gov.mm

Category: Local News