Local News

အာလူးသီးများ ဈေးကောင်းရရှိလျက်ရှိ

Last Updated:

ကျောက်မဲမြို့ရှိ စည်ပင်သာယာ ဗဟိုဈေး၊ မင်္ဂလာဈေး၊ အခွန်လွတ်ဈေးများတွင်ရောင်းချလျက်ရှိသည့် အောင်ပန်းအာလူးမှာ တစ်ပိဿာလျှင် အလုံးကြီး (၄၀၀၀) ကျပ်၊ အလုံးလတ် (၃၈၀၀) ကျပ်ဖြင့်ဈေးကွက်အတွင်း ရောင်းချလျက်ရှိရာ ဒေသထွက်အာလူးများ ထွက်ပေါ်ချိန်၌လည်း ဈေးနှုန်းကျဆင်းသွားခြင်းမရှိဘဲ ယခင်နှုန်းအတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အရောင်းအဝယ်ဖြစ်သော်လည်း ဒေသထွက်အာလူးများပေါ်ချိန်ဖြစ်သောကြောင့် အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။

ဒေသထွက်အာလူးသစ်များမှာ စတင်ထွက်ပေါ်ချိန်မှစ၍ အောင်ပန်းအာလူးများနည်းတူ ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ တစ်ပိဿာလျှင် အလုံးကြီး (၄၀၀၀) ကျပ်၊ အလုံးလတ် (၃၈၀၀) ကျပ်၊ အလုံးသေး (၂၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်သွက်နေကြောင်း အာလူးရောင်းချနေသူလုပ်ငန်းရှင် များထံမှသိရှိရသည်။ ဒေသထွက်အာလူးများကို တစ်ဆင့်ဝယ်ယူရောင်းချသည့်ဈေးနှုန်းနှင့် စိုက်ပျိုးသူများကိုယ်တိုင် ရောင်းချသော ဈေးနှုန်းများမှာအတူတူဖြစ်ကြောင်းသိရှိရပြီး တစ်ဆင့်ဝယ်ယူသူများမှာစိုက်ပျိုးသူများထံမှ အရပ်ခေါ်ဖောက်သည်ဈေးဖြင့် တစ်ပိဿာလျှင် အမြတ်(၂၀၀)ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။ ဒေသထွက်အာလူးသစ်များနှင့် အောင်ပန်းအာလူးများမှာ ယခင်ဇန်နဝါရီလမှ ယခုဖေဖော်ဝါရီလအထိ ဈေးနှုန်းများပြောင်းလဲမှုမရှိပဲ အရောင်းအဝယ်ကောင်းနေကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News