ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့ဒိုင်တွင် ရောင်းချနေသော ကြက်သွန်နီ ဈေးနှုန်းများ သည်ကြက်သွန်နီ တစ်ပိဿာလျှင် ဒေသပေါက် (၁၈၀၀ - ၂၀၀၀ - ၂၅၀၀ )ကျပ်ဖြင့် ရောင်းချနေကြောင်း သိရပါသည်။လက်လီရောင်းချသည့် ဈေးနှုန်းမှာ ကြက်သွန်နီ (အကြီး) ၁ပိဿာ (၃၀၀၀)ကျပ်၊ အလတ် ၁ ပိဿာ (၂၅၀၀)ကျပ်၊ အသေး ၁ပိဿာ (၂၀၀၀) ကျပ်ဖြင့်ရောင်းချနေပါသည်။ယခုအချိန်သည် ကြက်သွန်နီပေါ်ချိန်များ ဖြစ်သည့်အတွက် ကြက်သွန်နီဈေးနှုန်းများသည် အနည်းငယ်ဈေးသက်သာပါသည်။ကြက်သွန်နီသည် နေ့စဉ်စားသုံး ရသော အစားအစာတို့တွင် မပါမဖြစ် အလွန်အရေးပါသော ဆေးဖက်ဝင်သီးနှံ တစ်မျိုးလည်း ဖြစ်ပါသည်။ကြက်သွန်နီသည် အိမ်ထောင်ရှင်မများအတွက် ဟင်းလျာများတွင် မပါမဖြစ် ထည့်သုံးပေးရသော အရာတစ်ခုဖြစ်ပါသည်။ကြက်သွန်နီသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအား ဈေးကွက်ကောင်းခြင်းကြောင့် အကျိုးအမြတ်ရသော သီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။
Source: https://www.doca.gov.mm