ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် သဘာဝကော်ဖီကြမ်းမှုန့်များစွာ ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ကော်ဖီမှုန့်အမှတ်တံဆိပ်များစွာထဲမှ Everwin အမှတ်တံဆိပ်သည် နံမည်အလွန်ကြီးပြီး အရောင်းသွက်လျက်ရှိပါသည်။ Everwin အမှတ်တံဆိပ်မှ ကော်ဖီကြမ်းမှုန့်၊ အသင့်ဖျော်ကော်ဖီမှုန့်၊ လက်ဖက်ရည်ထုပ် စသည်ဖြင့် ထုတ်ကုန်များစွာ ထွက်ရှိသော်လည်း Everwin Filtered Tea ကိုတော့ လူသိနည်းကြပါသည်။ ပထမဦးစွာ ဖိုးလမင်း အမှတ်တံဆိပ်ဖြင့် ကော်ဖီကြမ်းမှုန့်ထုတ်လုပ်ခဲ့ပြီး ဖိုးလမင်းမှသည် Everwin အမှတ် တံဆိပ်သို့ ပြုပြင်ပြောင်းလဲပြီး ထုတ်လုပ်ခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော်ကြာမြင့် ခဲ့ပြီဖြစ်ပါသည်။ မူရင်းထုတ်လုပ်ရာဒေသသည် တောင်ငူဒေသဖြစ်ပြီး Everwin အမှတ်တံဆိပ်သို့ ပြောင်းလဲထုတ်လုပ်ရာ၌ ရန်ကုန်စက်ရုံတွင် စတင်ခဲ့ပါသည်။
Everwin Filtered Tea ခေါ် စကာစစ်လက်ဖက်ရည်သည် ၁၀၀ ရာခိုင်နှုန်း သဘာဝ လက်ဖက်ရည် စစ်စစ်ဖြင့်ပြုလုပ်ထားပြီး အနံ့အရသာနှင့်ပြည့်စုံပါသည်။ ဓာတုပစ္စည်းများ ရောနှောထည့် သွင်းထားခြင်းမရှိသောကြောင့် ယုံကြည်စိတ်ချစွာဖြင့် သောက်သုံးနိုင်ပါသည်။ Everwin လက်ဖက်ရည်တစ်ခါသောက်အထုပ် ၁ ထုပ်တွင် စကာစစ်လက်ဖက်ရည် ၁ ထုပ်၊ သကြားညို ၁ ထုပ်၊ creamer ၁ ထုပ် ပါဝင်ပါသည်။ လက်ဖက်ရည်ထုပ်လေးကို ရေနွေးပွက်ပွက်ဆူနေသော ခွက်ထဲသို့ ဖောက်ထည့်ကာ နှပ်ထားပြီးနောက် creamer ထုပ်လေးနှင့် သကြားညိုထုပ်ကို ထည့်ကာ ရောစပ်ပြီးနောက် အနံ့အရသာနှင့်ပြည့်စုံသော လက်ဖက်ရည် ၁ ခွက်ရရှိပြီဖြစ်ပါသည်။ Everwin Filtered Tea တစ်ပါကင်တွင် လက်ဖက်ရည်အထုပ် ၁၀ ထုပ်ပါဝင်ပြီး လက်ဖက်ရည် တစ်ပါကင် ကို ဈေးနှုန်း ၇၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။
Source: https://www.doca.gov.mm