Local News

တမူးမြို့နယ်စပ်တွင် ဖြစ်ပေါ်နေသောကုန်သွယ်မှုနှင့်ကုန်စျေးနှုန်း အခြေအနေ

Last Updated:

          တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ‌ဇွန်လ (၁)ရက်နေ့မှ (၁၃) ရက်နေ့ထိ ကုန်သွယ်မှုအခြေအနေမှာ ပို့ကုန်ပိုင်းတွင် နန့်ဖာလုံကုန်စုံ ၀.၀၅၆ ဒေါ်လာသန်း၊ စီးကရက် ၀.၂၁၁ ဒေါ်လာသန်းသွင်းကုန်ပိုင်းတွင် ဆောင်ရွက်နိုင်ခြင်းမရှိပါ။ ကုန်သွယ်မှုပမာဏစုစုပေါင်းတန်ဖိုး (၀.၂၆၇) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဇွန်လ (၁၄)ရက် ပြင်ပငွေလဲနှုန်းမှာ ၁ ဒေါ်လာ (၂၈၃၀) ကျပ်၊ ၁ ဒေါ်လာ (၈၈.၄၅) ရူပီး၊ ၁ရူပီး (၃၂) ကျပ်၊ ၁၀၀ ကျပ်(၃.၁၃) ရူပီး ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။

          အပတ်စဉ် အများဆုံးတင်ပို့သည့် ပို့ကုန်(၁၀)မျိုးမှာ ဖိနပ်၊ စောင်၊ ဝေဖာ၊ ကွေကာအုပ်၊ အရုပ်၊ မန်ကျည်းယို၊ ခေါက်ဆွဲ၊ ပလတ်စတစ်ပုံး၊ သုံးဆင့်စင်၊ ငါးသေတ္တာတို့ဖြစ်ပြီး ယခုအပတ်သွင်းကုန်ပိုင်းတွင် ဆောင်ရွက်နိုင်မှုမရှိခဲ့ပါကြောင်း၊ ငါးသေတ္တာ၊ အချိုရည်တို့၏ သယ်ယူစရိတ်မှာ (၁၂) ဘီးတစ်စီးလျှင် (၁၅.၈) တန်ခန့် ကုန်ပိဿာအနေဖြင့် (၉၅၀၀) မှ (၁၀၀၀၀) ပိဿာထိသယ်ဆောင်နိုင်ပြီး သယ်ယူစရိတ်အနေဖြင့် (၁၂) ဘီးတစ်စီးလျှင် (၁၉၀၀၀၀၀/- မှ ၂၁၈၅၀၀၀/-) ထိရှိသည်။ ဝေဖာ၊ ဖိနပ်၊ စောင်၊ ဇီးသီးထုပ်၊ ဖယောင်းပုဆိုး၊ ပလတ်စတစ်ပုံး၊ ပလတ်စတစ်အိတ်နှင့် မိတ်ကပ်တို့၏ သယ်ယူစရိတ်မှာ (၁၂) ဘီးတစ်စီးလျှင် (၈) တန်ခန့် ကုန်ပိဿာအနေဖြင့် (၄၈၀၀) မှ (၅၀၀၀) ပိဿာထိ သယ်ဆောင်နိုင်ပြီး သယ်ယူစရိတ်အနေဖြင့် (၁၂) ဘီးတစ်စီးလျှင် (၁၁၀၄၀၀၀/-မှ ၁၁၅၀၀၀၀/-)ထိရှိသည်။ Nitrogen Fertilizer, Neem Coated Urea, Fertilizer (Mukta) အမျိုးအစား ဓာတ်မြေဩဇာအား တစ်အိတ်လျှင် (၄၅/၅၀)Kg၊ အိတ်ရေ (၃၀၀)ခန့်ဖြင့် (၁၂)ဘီးတစ်စီးလျှင် (၁၆) တန်ခန့် တင်ဆောင်နိုင်ပြီး ကလေး-မန္တလေးသယ်ယူစရိတ်အနေဖြင့် (၁၀)သိန်းမှ(၁၂)သိန်းရှိကြောင်း သိရှိရပါသည်။ ဆံပင်အား တစ်အိတ်လျှင်( ၃၀ )Kg၊ အိတ်ရေ (၁၄၀) ခန့်ဖြင့် (၆) ဘီး တစ်စီးလျှင်(၄) တန်ခန့်တင်ဆောင်နိုင်ပြီးတမူး-မန္တလေး သယ်ယူစရိတ်အနေဖြင့် (၁၀) သိန်းခန့်ဖြင့် သယ်ဆောင်လျက်ရှိကြောင်းသိရှိရပါသည်။

         အဆင်းကုန် ကုန်ကျစ်/ကုန်ပွ ကားခတစ်ပိဿာ‌ စျေးနှုန်း၊ ကုန်စုံဖြစ်လျှင် ယာဉ်အမျိုး အစားအလိုက် ကားခစျေးနှုန်းမှာ ကုန်ကျစ်တစ်ပိဿာလျှင် (၁၅၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကုန်ပွ တစ်ပိဿာလျှင် (၁၇၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ (၁၂) ဘီးယာဉ်အမျိုးအစားတစ်စီးလျှင် ကုန်ကျစ်ဖြစ်ပါက (၁၅.၈)တန်ခန့်ဖြင့်လည်းကောင်း၊ ကုန်ပွဖြစ်ပါက (၈)တန်ခန့်ဖြင့် လည်းကောင်း၊ (၁၂) ဘီးယာဉ်အမျိုးအစားတစ်စီးလျှင် ကုန်ကျစ်ဖြစ်ပါက (၉၅၀၀) မှ (၁၀၀၀၀) ပိဿာထိ တင်ဆောင်နိုင်ပြီးတစ်တန်သယ်ယူစရိတ်မှာ (၉၀၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကုန်ပွဖြစ်လျှင် (၄၈၀၀)မှ (၅၀၀၀) ပိဿာထိ တင်ဆောင်နိုင်ပြီး တစ်တန်သယ်ယူစရိတ်မှာ (၁၀၂၀၀၀) ကျပ်ဖြင့်လည်းကောင်း သယ်ယူပို့ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအခြေအနေမှာ အိန္ဒိယနိုင်ငံဖက်မှ ၂၀၂၀ မတ်လ၁၀ရက် မှစ၍ ယနေ့ထိ ဂိတ်ပိတ်ထားဆဲဖြစ်ကြောင်းနှင့် မဏိပူရ်ပြည်နယ်တွင် ကူကီး (ချင်း) လူမျိုးများနှင့်ကသဲလူမျိူးများအကြား အဓိကရုဏ်းဖြစ်ပွားပြီး နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိကြောင်းသိရှိရပြီး လုံခြုံရေးအခြေအနေနှင့်လမ်းပန်းဆက်သွယ်မှု အခြေအနေမှာ ပုံမှန်ကူးသန်းရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News