Local News

တရုတ်လိုင်းကုန်သည်များ အဝယ်ပြန်ရှိလာတာကြောင့်ပဲတီစိမ်း အရောင်းအဝယ်သွက်လာသော်လည်း ပို့ကုန်ပဲများ ဆက်လက်ဈေးအေးနေ

Last Updated:

     တရုတ်လိုင်းကုန်သည်များ အဝယ်ပြန်ရှိလာတာကြောင့် ပဲတီစိမ်းအရောင်းအဝယ်သွက်လာကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။ ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံမှာ အနည်းငယ်ဈေးပြန်မြင့်တက်လာသော်လည်း အရောင်းအဝယ်ခပ် အေးအေးသာရှိနေကြောင်း တရုတ်လိုင်းသင်္ဘောတင်အတွက် အနည်းငယ်အဝယ်ရှိလာတာကြောင့် နှမ်းမျိုးစုံဈေးကွက် အရောင်းအနည်း ငယ်သာရှိနေကြောင်း ပြည်တွင်း ဆီစက်ပိုင်များမှ လိုသလောက်သာ အဝယ်ရှိနေခြင်းကြောင့် မြေပဲဆီဆန် အနည်းငယ်ဈေးအေးနေသော်လည်း ပို့ကုန်အနီလုံးဆန် (ဝိုင်း)မှာ တစ်ပိဿာငွေကျပ် ၉၁၀၀ ပေါက်ဈေးရှိလာကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။

     "ဆီစက်ပိုင်များ လိုသလောက်သာ ဝယ်ယူမှုရှိနေတာလို့ မြေပဲဆန်ဈေးတန်းက ပုံမှန်သာရှိ နေပါတယ်။ အနီလုံးဆန်လည်း တရုတ်ဝယ်လက်ရပ်နားလို့ ဈေးကျဆင်းနေပါတယ်။ နှမ်းမျိုးစုံလည်း အနည်းငယ်သာ အဝယ်ရှိနေလို့ အရောင်းအဝယ်ဖြစ်နေတာပါ။ ပဲတီစိမ်းကတော့ တရုတ်နိုင်ငံ အဝယ်လက်ပြန်ဆုံနေလို့ ဈေးမတက်သော်လည်း အရောင်းအဝယ်ခပ်သွက်သွက်ရှိနေပါတယ်။ ပဲစင်းငုံ၊ မတ်ပဲပို့ကုန်ပဲတွေ အကုန်လုံးကတော့ အရောင်းအဝယ် ခပ်အေးအေးသာ ရှိနေပါတယ်"ဟု ၎င်းက ပြောသည်။

     ဇူလိုင် ၂၀ ရက် သုံးတင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၁၉၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀ သာ ပေါက် ဈေးရှိတော့သည်။ တရုတ်ကုန်သည်များ အဝယ်ရပ်သွားသောကြောင့် ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာတစ်အိတ်လျှင် ငွေကျပ်  ၁၇၅၀၀၀ ပေါက်ဈေးရှိတော့သည်။ ပဲနှမ်းဈေးကွက်တစ်ခုလုံး သီတင်းနှစ်ပတ်ခန့် ဆက်တိုက် ဈေးအေးနေသော်လည်း ပို့ကုန်ရ ငွေ ၅၀-၅၀ မူဝါဒပြောင်းလဲမှုကြောင့် ပဲနှမ်းဈေးကွက်ပြန်လည် လှုပ်ရှားလာကြောင်း သိရသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဇူလိုင် ၂၀ ရက်တွင် ဆက်လက်ဈေးကျဆင်းနေရာ ကုလားပဲ  V2 တစ်အိတ်လျှင် ငွေကျပ် ၂၅၂၀၀၀၊ V7တစ်အိတ်လျှင် ငွေကျပ် ၂၅၂၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၃၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀ ပေါက်ဈေး ဖြစ်နေသည်။

     ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀၊ ကျွန်းစားတော် ပဲတစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ မြေပဲအနီလုံးဆန်(ဝိုင်း)တစ်ပိဿာ ငွေကျပ်  ၉၁၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။ နှမ်းမျိုးစုံဈေးကွက်မှာ သိသိသာသာ ဈေးကျဆင်းသွားရာ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ် လျှင်ငွေကျပ် ၃၇၀၀၀၀၊ နှမ်းညို တစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀၊ နှမ်းနက်စမုံတစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News