Local News

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တရုတ်မီဒီယာများနှင့် တွေ့ဆုံ

Last Updated:

(၇) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်‌‌ရောက်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် Green Lake Hotel ၌ China Media Group နှင့် Phoenix ရုပ်သံဌာနတို့အား လက်ခံ တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးသည် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ ကြောင်း သတင်းရရှိသည်။

source: https://www.commerce.gov.mm/
 

Category: Local News