Local News

မန္တလေးကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံဈေးနှုန်းမြင့်တက်လာ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ သြဂုတ်လ ဒုတိယပတ်အတွင်း နှမ်းမျိုးစုံဈေးကွက်ထဲ ဝင်ရောက်နေပြီး ဈေးကောင်းရရှိနေ ပါတယ်။ ဈေးကွက်ထဲကို အသစ်တွေအဝင်ရှိနေပြီး အဝယ်သွက်နေကြောင်း၊ နှမ်းဖြူ(ဂျပန်)မှာ အမြင့်ဆုံးဈေးသို့ ရောက်ရှိနေပြီး တရုတ်နှင့် ဂျပန်မှ အဓိကထားဝယ်ယူနေကြောင်း၊ နှမ်းမျိုးစုံဈေးမှာလည်း ပြည်ပဝယ်လို အားရှိသည့်အတွက် မြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

နှမ်းဖြူ (ဂျပန်) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၄၂၀၀၀၀ မှ ၄၄၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၉၅၀၀၀ မှ ၄၀၅၀၀၀၊ ယခင်လကျပ် ၃၆၀၀၀၀ မှ ၃၆၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၅၀၀၀ မှ ၃၅၀၀၀၊ ယခင်လထက်ကျပ် ၆၀၀၀၀ မှ ၇၅၀၀၀ မြင့်တက်လာသည်။

နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၆၀၀၀၀ မှ ၃၉၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၆၀၀၀၀ မှ ၃၇၅၀၀၀၊ ယခင်လကျပ် ၃၃၇၀၀၀ မှ ၃၄၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀၀၀၊ ယခင်လထက်ကျပ် ၂၃၀၀၀ မှ ၄၅၀၀၀ မြင့်တက်လာသည်။

နှမ်းညို ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၂၅၀၀၀ မှ ၃၃၀၀၀၀၊ ယခင် တစ်ပတ်ကျပ် ၃၀၅၀၀၀ မှ ၃၁၀၀၀၀၊ ယခင်လကျပ် ၂၆၅၀၀၀ မှ ၂၇၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၂၀၀၀၀၊ ယခင်လထက်ကျပ် ၆၀၀၀၀  မြင့်တက်လာသည်။

နှမ်းနက်(စမုံ) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၅၀၀၀၀ မှ ၃၈၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၀၀၀၀၀ မှ ၃၈၀၀၀၀ ၊ ယခင်လကျပ်  ၃၀၀၀၀၀ မှ ၃၃၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀ မှ ၅၀၀၀၀၊ ယခင်လထက် ၅၀၀၀၀ မှ ၅၅၀၀၀ မြင့်တက်လာကြောင်း သိရှိရပါသည်။

မန္တလေးတိုင်းဒေသကြီးဦးစီမှူးရုံး

Category: Local News