International News

စင်္ကာပူနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံနှင့်အတူ ကျန်းမာရေးနှင့်ညီညွတ်သော ဆန်မျိုးများတီထွင်ရန် ကြိုးပမ်းလျက်ရှိ

Last Updated:

 စင်္ကာပူနိုင်ငံသည် မိုးခေါင်ရေရှားမှုနှင့် ရေလွှမ်းမိုးမှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိသော ဆန်မျိုးများကိုတီထွင်ရန်နှင့် အာရှတစ်ဝန်းတွင် ပျံ့နှံ့နေသောဆီးချိုရောဂါကို ကိုင်တွယ်ဖြေရှင်းရန် အတွက် ကျန်းမာရေးနှင့်ညီညွတ်သော စပါးမျိုးများကိုပြုစုပျိုးထောင်ရန် ဖိလစ်ပိုင်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ သြဂုတ်လ ၁၇ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံသို့ သုံးရက်ကြာနိုင်ငံတော်ခရီးစဥ်အပြီးတွင် နိုင်ငံတကာဆန်စပါးသုတေသနဌာ(IRRI)၌ သမ္မတTharmanshanmugratran က ဇီဝမျိုးစုံ မျိုးကွဲများနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးကိုကာကွယ်ရန်အတွက် နယ်ပယ်အများအပြားတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေကြောင်းပြောကြားခဲ့သည်။

မိုးခေါင်ခြင်း၊ အပူလိုင်းနှင့် ကုန်းတွင်းပိုင်းဒေသများသို့ ရွေ့လျားလာသောပင်လယ်‌ရေမှ ဆားငန်ဝင်‌ရောက်မှုတို့သည် အာရှနှင့်အာဖရိကရှိ ဆန်စပါးစိုက်ပျိုးသူများကို ခြိမ်းခြောက်လျက်ရှိကြောင်း သုတေသီများကတွေ့ရှိခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများစွာရှိ ကလေးသူငယ်များအကြား အာဟာရချို့တဲ့မှုကိုကိုင်တွယ်ဖြေရှင်းရန် မြင့်မားသောပရိုတင်းဓာတ်များပါဝင်သော ဆီးချိုရောဂါဒီရေကိုတွန်းလှန်ရန်အတွက် glycemic index (GI) ရမှတ်နည်းပါးသော ကျန်းမာရေးနှင့်ညီညွတ်သည့် ဆန်မျိုးများလိုအပ်ကြောင်း၊ စင်္ကာပူနိုင်ငံရှိ Temaska Life Science Laboratory သည် အဆိုပါပြဿနာများ ကိုဖြေရှင်းရန်အတွက် ဆန်မျိုးကွဲအသစ်များတီထွင်ထုတ်လုပ်ရန် IRRI နှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း မစ္စတာ  Tharmar ကပြောကြားခဲ့သည်။

IRRI မှ သုတေသီများသည် အောင်မြင်မှုတချို့ရရှိခဲ့သည်။ စပါးစေ့များ၏ GI လွှမ်းမိုးမှုရရှိသောမျိုးဗီဇများကိုဖော်ထုတ်ပြီးနောက် GI အဆင့်နိမ့်သော လူကြိုက်များသည့် စပါးမျိုးများကိုစိုက်ပျိုးနိုင်ခဲ့သည်။ ထိုဆန်မျိုးများသည် အာရှနှင့်ကမ္ဘာတစ်ဝန်းတွင် မြင့်တက်နေသည့် ဆီးချိုရောဂါအပါအဝင် အာဟာရချို့တဲ့မှုနှင့် အဝလွန်ခြင်းအပါအဝင် ပြဿနာများစွာကို ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း မစ္စတာသာမန်က မှတ်ချက်ပြုခဲ့သည်။

Source: thestraitstimes

Source: https://www.doca.gov.mm

Category: International News