International News

ဗီယက်နမ်နိုင်ငံသည် ၉ နှစ်ဆက် ကုန်သွယ်ရေးပိုငွေရနိုင်ကြောင်း ကျွမ်းကျင်သူများခန့်မှန်း

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် လက်ကျန်လများကို ဇန်နဝါရီလမှ ဇူလိုင်လအတွင်း တင်ပို့မှုကြီးထွားနှုန်းကိုထိန်းထားနိုင်ပါက ၂၀၂၄ ခုနှစ်တွင် ၉ နှစ်ဆက် ကုန်သွယ်ရေးပိုငွေရရှိနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းပြောကြားခဲ့ကြပါသည်။ အဆိုပါ ၇ လတာကာလတွင် နိုင်ငံ၏တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂၂၆.၉၈ ဘီလီယံရှိခဲ့ပြီး ၁၅.၇% မြင့်တက်လာကာ ကုန်သွယ်ရေးပိုငွေ ၁၄.၀၈ ဘီလီယံရရှိခဲ့ကြောင်း အထွေထွေစာရင်းအင်းရုံး၏ အဆိုအရသိရပါသည်။ ကျွမ်းကျင်သူများက ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၁၀ ဘီလီယံတန်ဖိုးရှိသည့် ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ပြီး ၂၀၂၄ ခုနှစ် တစ်နှစ်စာလုံးအတွက် ကုန်သွယ်ရေးပို့ငွေအား အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံကျော်ရရှိခံစားနိုင်သည်ဟုခန့်မှန်းထားကြပါသည်။ ကုန်သွယ်ရေးပို့ငွေရရှိမှုမြင့်တက်လာခြင်းသည် နိုင်ငံဘဏ္ဍာရေးစိတ်ချရမှုရှိရေးအတွက် နိုင်ငံ၏ငွေပေးချေမှုနှင့် နိုင်ငံတကာအရန်ငွေတွင် ဟန်ချက်ညီမျှတို့တွင် တိုးတက်လာနိုင်ကြောင်းသိရပါသည်။ ယခုနှစ်၏ ပထမ ၇ လတွင် တင်ပို့မှု အခု ၃၀ မှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရရှိခဲ့ကြောင်းသိရပါသည်။ တင်ပို့မှု ၇ ခုမှ အမေရိကန်ဒေါ်လာ ၈ ဘီလီယံရရှိခဲ့ပြီး ကွန်ပျူတာ၊ အီလက်ထရောနစ်ထုတ်ကုန်နှင့် အစိတ်အပိုင်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၉.၉ ဘီလီယံနီးပါး၊ တယ်လီဖုန်းနှင့် အစိတ်အပိုင်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂.၄ ဘီလီယံနှင့် စက်များ၊ စက်မှုပစ္စည်းကိရိယာများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၇.၆ ဘီလီယံကျော်ရရှိခဲ့ကြောင်းသိရပါသည်။ ထုတ်ကုန်များစွာ၏တင်ပို့မှုမှ သိသာစွာကြီးထွားမှုရှိခဲ့ပြီး ကော်ပီ (၅၁.၉%)၊ ဆန်(၁၈.၂%)၊ ငရုတ်ကောင်း (၄၅%)၊ ရော်ဘာ(၁၄.၈%)၊ ပီလောပီနံနှင့် ပီလောပီနံထုတ်ကုန် (၁၃.၉%) အသီးသီးကြီးထွားခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံသည် ဆန်၊ ငရုတ်ကြောင်း၊ အဝတ်အထည်တို့ကဲ့သို့သော ထုတ်ကုန်များတွင် ကမ္ဘာ့ထိပ်တန်းတင်ပို့သူများထဲတွင် ပါဝင်လျက်ရှိပြီး တင်သွင်းမည့်ဈေးကွက်များ၏ လိုအပ်ချက်ကိုက်ညီရန် ထုတ်ကုန်၏ အရည်အသွေး ဆက်လက်တိုးတက်နေစေရန် နိုင်ငံအတွက် အလွန်အရေးပါသည်ဟုသိရပါသည်။ ကုမ္ပဏီများအနေဖြင့်လည်း ဈေးကွက်တစ်ခုတည်းနှင့် အနည်းငယ်အပေါ်တွင် စွန့်စားမှီခိုနေရမှုလျှော့ချရန်အလို့ငှာ အရှေ့အလယ်ပိုင်းဒေသ အာဖရိကနှင့် တောင်အမေရိက အစရှိသည့်ဈေးကွက်များသို့ဖြန့်ခွဲရန်နှင့် တိုးချဲ့ရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများက အကြံပြုခဲ့ကြပါသည်။

Source : VietnamPlus

Source: https://www.doca.gov.mm

Category: International News