Local News

စပါးတင်း ၁၀၀ လျှင် ကျပ်သိန်း ၂၀ အတွင်း ဝယ်ယူရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တိုက်တွန်း

Last Updated:

လက်ရှိ မိုးစပါးရာသီတွင် ထွက်ရှိသည့် စပါးများအပေါ် အသင်းဝင်ကုမ္ပဏီများ၊ ဆန်စပါးကုန်သည်များအနေဖြင့် အမျိုးအစားပေါ်မူတည်ကာ တင်း ၁၀၀ လျှင် အနိမ့်ဆုံး ကျပ် ၁၃ သိန်းမှ အများဆုံး သိန်း ၂၀ အတွင်း ဈေးပေးဝယ်ယူရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) က ထုတ်ပြန်တိုက်တွန်းထားကြောင်း သိရသည်။ စပါးတင်း ၁၀၀ အတွက်အမျိုးအစားအလိုက် ဧည့်မထ၊ ငစိန်ကို ကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်း၊ ဧရာ၀တီပေါ်ဆန်းကို ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း၊ ရွှေဘိုပေါ်ဆန်းကို ကျပ် ၁၈ သိန်းမှ သိန်း ၂၀ အတွင်း၊ ဧရာမင်းနှင့် ဧရာပဒေသာ စပါးကို ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း ဈေးသတ်မှတ်ထားကြောင်းသိရသည်။

ရည်ညွှန်းဈေးနှုန်းများအတွင်း ရောင်းသူနှင့်ဝယ်သူအကြား စပါးအမျိုးအစားအလိုက်၊ စပါးအရည်အသွေးအလိုက်၊ စပါးအစိုဓာတ်အလိုက် ဈေးနှုန်းသတ်မှတ်ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း သိရသည်။ အဆိုပါ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဝယ်ယူရန် အခက်အခဲတစ်စုံတစ်ရာရှိပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များထံ အသိပေးရန်နှင့် ရည်ညွှန်းဈေးထက်ပိုကာ ဈေးပေးဝယ်ယူမှုများရှိပါက ဖော်ထုတ်ရန် အသိပေးထားကြောင်း သိရသည်။

Source: https://t.me/sdtimedaily

Category: Local News