Local News

လွယ်ဂျယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅  မှ ၁၉ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၁၀၅၅.၅၀)တန်၊ ဆန်ကွဲ (၈၈၅.၀၀)တန်၊ ပြောင်း  (၇၇၄.၆၇၈) တန်နှင့် ဖရဲသီး (၃၄၅.၂၀) တန် တင်ပို့နိုင်ခဲ့သည်။ ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် တာယာ(၁၄၀) လုံး၊ စက္ကူလိပ် (၅၈.၅၀)တန်၊ ကော်စေ့ (၆၂.၅၀) တန်၊ ဂျပ်ဖာ (၅.၅၀) တန်၊ ထွန်စက် (၃၃) စီး၊ တစ်သျှူးလိပ် (၁၂.၀) တန်၊ ပလပ်စတစ်လိပ် (၁၄.၀) တန်၊ ကော်ဇော (၂၇,၀၀၀) ခု၊ ဖော့ (၄.၅၀) တန်၊ သံချောင်း/ သံပြား (၅၈.၅၀) တန်နှင့် ကုန်စုံ (၂၃၀.၀) တန် တင်သွင်းနိုင်ခဲ့သည်။

ဒေသငွေလဲနှုန်းအနေဖြင့် ၁၉-၁၁-၂၀၂၃ ရက်နေ့တွင် (၁) ယွမ်လျှင် (၄၆၅) ကျပ်ဖြစ်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News