Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်သီး (အခြောက်) (၈၄၅.၉၉၈) တန်၊ ကြက်သွန်နီ (၁၆၃၇.၂၄၀) တန်၊ ချုပ်ပြီးအထည် (၀.၀၅၆) တန်၊ ဂေါ်ဖီ (၁၉၈၆) တန်၊ မတ်ပဲ (၁၂၈.၀၀) တန်၊ ကော်ဖီ (၃၆.၀၀) တန်၊ သတ္တုနှင့်သတ္တုရိုင်းများ (၉၅.၇၀) တန်၊ ငရုတ် (စိမ်း) (အစို)  (၂၇၉.၄၁၈) တန်၊ နှမ်း (နက်) (၄၀.၀၀) တန်နှင့် ငါးမျိုးစုံ  (၄၁.၃၇၀) တန်တို့ ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၃.၉၉၉) ဒေါ်လာသန်း၊ ချုပ်ပြီးအထည်(၁.၈၅၀)ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၁.၀၅၅) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၁.၀၀၅)ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၀.၈၄၅) ဒေါ်လာသန်း၊ သံနှင့်သံမဏိ ပစ္စည်းများ (၀.၆၁၆) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၅၆၃) ဒေါ်လာသန်း၊ ဓါတုဗေဒပစ္စည်းများ (၀.၅၄၄)ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့်မော်တော်ယာဉ်ပစ္စည်းများ(၀.၅၁၉)ဒေါ်လာသန်းနှင့်ဆပ်ပြာ (၀.၄၇၆) ဒေါ်လာသန်းတို့ဖြစ်သည်။

ပြင်ပငွေလဲနှုန်းအနေဖြင့် တစ်ဘတ်လျှင် (၉၉.၀၁) ကျပ် ဖြစ်ကြောင်းသိရှိရသည်။

Source: https://commerce.gov.mm

Category: Local News