Local News

မတ်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် မျိုးပဲပေါက်ဈေး

Last Updated:

၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မတ်ပဲသီးနှံ စိုက်ဧက ၄၀၉၁၇ ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းတစ်ဧကလျှင် ၁၆.၃၀ တင်းထွက်ရှိပြီး အထွက်တန်အားဖြင့် တန်ချိန် ၂၁၀၂၃ ထွက်ရှိခဲ့ကြောင်း သိရှိရပါသည်။  ရန်ကုန်တိုင်းဒေသကြီးတွင် မတ်ပဲသီးနှံအများဆုံးစိုက်ပျိုးသော မြို့နယ်များမှာ တိုက်ကြီးမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့ဖြစ်ပြီး ယခင်နှစ် မတ်ပဲသီးနှံထွက်ရှိချိန် ယင်းမြို့နယ်များတွင် မတ်ပဲသီးနှံ(၇၂)ပေါင်ကိုက် တစ်တင်း၏ အဖွင့်ဈေးမှာ ကျပ် ၆၅၀၀၀/- မှ ၉၅၀၀၀/- ဈေးပေါက်ခဲ့ကြောင်းနှင့် မတ်ပဲထွက်ပေါ်ချိန်ကုန်ဆုံးချိန်အထိ  တစ်တင်းလျှင် ကျပ် ၉၅၀၀၀/- ထိ အမြင့်ဆုံးဈေး ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ဈေးကောင်းရရှိခဲ့ကြောင်း သိရှိရပါသည်။ ယခုကာလတွင် မျိုးမတ်ပဲတစ်တင်းလျှင် ကျပ်  ၁၃၀၀၀၀/- ပေါက်ဈေးဖြင့် ဈေးကွက်တွင် ဖြစ်ပေါ်လျက်ရှိပါသည်။

ယခု ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းရာသီ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် မတ်ပဲသီးနှံ ၄၃၆၈၆ ဧက စိုက်ပျိုးရန် ရည်မှန်းလျာထားဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလမှ စတင်၍ စိုက်ပျိုးလျက်ရှိပြီး ခန့်မှန်းအထွက်နှုန်း တစ်ဧကလျှင် ၁၆.၆၄ တင်း၊ အထွက်တန် အားဖြင့် တန်ချိန် ၂၂၉၁၄ ကျော် ထွက်ရှိမည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။ မတ်ပဲထွက်ပေါ်ချိန်၌ တစ်တင်းပေါက်ဈေးမှာ ကျပ် ၉၁၀၀၀/- ထိ ဖြစ်ပေါ်လိမ့်မည်ဟု နယ်ကုန်သည်နှင့် လယ်သမားအများစုက တွက်ဆလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။      

Source: https://www.doca.gov.mm

Category: Local News