Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့မှ ( ၁၉ ) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၅) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၂၇၇) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၇၇၇)သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလ(၁၈) ရက်နေ့မှ ( ၁၉ ) ရက်နေ့အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၅၇.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၆)သန်း၊ ဂျင်းခရု (အရှင်) (၈.၇၅)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၁၃၄)သန်း၊ ရွှံ့ဂဏန်း(အရှင်)(၃.၂၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂၃)သန်း၊ ဂဏန်း (အသေ) (၇.၂)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၈၇) သန်း၊ ရေခူဆားနယ်  (၁.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၂၉)သန်း၊ ရေချိုပုစွန်  (၀.၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၃၅)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၅၁)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၀၇)သန်း၊ ငှက်ပျောသီး (၅၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၇)သန်း၊ ငရုတ်သီးစိမ်း (၄၄.၀၀၉)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၃၅၁)သန်း၊ ကြက်သွန်နီ (၁၀၄.၉၆)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၀၄)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၄၁.၅)တန်၊တန်ဖိုးကန်ဒေါ်လာ(၀.၀၁၁၈)သန်း၊ပုစွန်သားပေါက်(၂)သန်း U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂)သန်း၊ ကြွေပြား (၁၆၀၀)M2 ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၉)သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိက တင်ပို့လျက်ရှိသည့်ပို့ကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်းမှာ - ငါးမျိုးစုံ (၁၁၄၉.၈၃) ဒေါ်လာနှုန်း၊ (၅၇.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၆) သန်း၊ ဂျင်းခရု (အရှင်) (၁၅၄၀.၂၃) ဒေါ်လာနှုန်း၊ (၈.၇၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၄) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၇၈၄.၆၂) ဒေါ်လာနှုန်း၊ (၃.၂၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂၃) သန်း၊ ဂဏန်း (အသေ) (၁၂၀၈.၃၃) ဒေါ်လာနှုန်း၊ (၇.၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈၇) သန်း၊ရေခူဆားနယ် (၁၉၃၃.၃၃) ဒေါ်လာနှုန်း၊ (၁.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၉) သန်း၊ ရေချိုပုစွန်(၈၇၅၀)ဒေါ်လာနှုန်း၊(၀.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၅) သန်း၊ ကျောက်ပုစွန် (အရှင်)(၂၀၉၈၀.၃၉)ဒေါ်လာနှုန်း၊(၀.၅၁)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၁၀၇) သန်း၊ ငှက်ပျောသီး (၃၀၉.၀၉)ဒေါ်လာနှုန်း၊(၅၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၇)သန်း၊ ငရုတ်သီးစိမ်း (၇၉၇.၅၆)ဒေါ်လာနှုန်း၊ (၄၄.၀၀၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၅၁) သန်း၊ ကြက်သွန်နီ (၇၆၆.၀၁) ဒေါ်လာနှုန်း၊ (၁၀၄.၉၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၀၄)သန်းဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိက တင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ - သစ်သီး (၂၈၄.၃၄) ဒေါ်လာနှုန်း၊ (၄၁.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၁၈) သန်း၊ ပုစွန်သားပေါက် အကောင်ရေ (၁)သန်းလျှင် (၆၀၀၀) ဒေါ်လာနှုန်း၊ (၂)သန်း U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂)သန်း၊ ကြွေပြား (၁)M2 လျှင် (၂.၄၄) ဒေါ်လာနှုန်း၊ (၁၆၀၀) M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၉)သန်း ဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ်ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။ မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ် စနစ်အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၉-၁၂-၂၀၂၃) ရက်နေ့ ပြင်ပငွေ လဲနှုန်းမှာ မြန်မာငွေကျပ်(၁) သိန်းလျှင် ဘတ် (၁၀၂၅) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၇.၅၆) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအတက်အကျ မရှိပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News