Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း တို့ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပို့ကုန်တန်ချိန်(၂၀၁၆)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၈၉၂)သန်းနှင့် သွင်းကုန်တန်ချိန် (၁၄၀)၊(၃၂၇၆) M2၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၁၉)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ(၂.၀၁၁) ဒေါ်လာသန်းဖြစ်ပါသည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ဆီအုန်း တန်ချိန် (၁၅၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၆၀၀၀)၊ (၁)တန် ဈေးနှုန်း (၁၀၆.၆၆)အမေရိကန်ဒေါ်လာ၊ စက်ကလပ်ငါးတန်ချိန်(၁၆.၄၈၀)၊တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၄၃၅.၂၀) ၊ (၁) တန်ဈေးနှုန်း (၁၂၄၀) အမေရိကန်ဒေါ်လာ၊ တာတိုငါးတန်ချိန် (၃၈.၂၅၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၄၈၁၉၅.၀၀)၊ (၁)တန်စျေးနှုန်း(၁၂၆၀)အမေရိကန်ဒေါ်လာ၊ ပလာတူးခက်ငါးတန်ချိန် (၂၇၁.၂၄၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၂၁၉၇၀၄.၄၀)၊ (၁)တန်စျေး နှုန်း(၈၁၀) အမေရိကန်ဒေါ်လာ၊ ဘောင်းကြေးငါးတန်ချိန်(၃၈.၀၈၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၄၂၇၂.၀၀)၊(၁)တန် စျေးနှုန်း(၉၀၀)အမေရိကန်ဒေါ်လာ၊ ငါးနီငယ်တန်ချိန်(၇၅.၃၇၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၈၁၃၉၉.၆၀)၊(၁)တန်စျေးနှုန်း (၁၀၈၀)အမေရိကန်ဒေါ်လာ၊ ငါးခွေးလျှာ တန်ချိန်(၁၀.၂၀၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၁၁၄၂၄.၀၀)၊ (၁)တန်စျေးနှုန်း(၁၁၂၀)အမေရိကန် ဒေါ်လာ၊ ငါးဝိုင်းတန်ချိန် (၁၄.၉၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၃၁၆၄.၈၀)၊ (၁)တန်စျေးနှုန်း (၈၈၀) အမေရိကန်ဒေါ်လာ၊ ကုလားငူငါးတန်ချိန်(၄.၃၈၅)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၂၆၂.၀၀)၊ (၁)တန်စျေးနှုန်း (၁၂၀၀)အမေရိကန်ဒေါ်လာ၊ ပုစွန်တန်ချိန် (၃.၁၂၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၆၂၂၄.၀၀)၊ (၁)တန်စျေးနှုန်း (၅၂၀၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာဝေဖာမုန့်တန်ချိန်(၂၀)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ(၄၀၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၂၀၀၀) အမေရိကန်ဒေါ်လာ၊ ပီလောပီနံမှုန့်တန်ချိန် (၁၂၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၀၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၅၈၃.၃၃) အမေရိကန် ဒေါ်လာ၊ ကြွေပြားအရေအတွက် (၃၂၇၆)M2၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၉၀၀၀.၀၀)၊ (၁)M2၊ ဈေးနှုန်း (၂.၇၄) အမေရိကန်ဒေါ်လာဖြစ်ပြီး ငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ(ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ် ရှိကြောင်း သိရှိရပါသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၂၀-၁၂-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၁၀၂၅.၆၄)ဘတ်၊ (၁)ဘတ်လျှင် မြန်မာငွေ (၉၇.၅) ကျပ်ခန့်(၁၉-၁၂-၂၀၂၃)ရက်နေ့နှိုင်းယှဉ်လျှင်တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၅၀၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၃၅၀၀) ကျပ်ဖြင့်တည်ငြိမ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News