Local News

မန္တလေးကုန်စည်ဒိုင်တွင် ပဲလွန်းဖြူနှင့် ပဲလွန်းပြာများ ပြည်ပအဝယ်လိုက်၍ဈေးမြင့်လာ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ ဇန်နဝါရီလ တတိယပတ်အတွင်း မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊  စစ်ကိုင်းနယ်များမှ ပဲလွန်းဖြူနှင့် ပဲလွန်းပြာမျာ ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ် သွက်နေကြောင်း၊ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့မှုရှိနေသောကြောင့် ဈေးမြင့်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ပဲလွန်းဖြူ ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် တွင် ကျပ် ၁၉၅၀၀၀ မှ၂၀၀၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၁၈၅၀၀၀ မှ ၁၉၅၀၀၀ ၊ ယခင်လ ကျပ် ၁၇၀၀၀၀ မှ ၁၇၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ၊ ယခင်လထက် ကျပ် ၂၅၀၀၀ မြင့်တက်လာသည်။

ပဲလွန်းပြာ ၅၄.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၀၅၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၂၀၀၀၀၀ ၊ ယခင်လ ကျပ် ၁၉၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ ၊ ယခင်လထက်ကျပ် ၁၅၀၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News