Local News

မန္တလေးကုန်စည်ဒိုင် ဈေးကွက်တွင် တရုတ်အဝယ်လိုက်၍ နှမ်းမျိုးစုံဈေးကွက် ဈေးမြင့်လာ

Last Updated:

ဇန်နဝါရီလ တတိယပတ် မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် တရုတ်ဝယ်လက်မှ အဝယ်သွက်လာသောကြောင့် နှမ်းမျိုးစုံ ဈေးကောင်းရနေပြီး  ဈေးမြင့်လာသည်။ နှမ်း ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခင်တစ်ပတ်ထက် ကျပ် အနိမ့်ဆုံး ကျပ် ၅၀၀၀ မှ ၄၅၀၀၀ ထိမြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှသိရသည်။

နှမ်းနက်(စမုံ) ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၄၀၀၀၀၀ မှ ၃၅၀၀၀၀ ၊ယခင်တစ်ပတ်ကျပ် ၃၇၅၀၀၀ မှ ၃၃၅၀၀၀ ၊ ယခင်လကျပ်  ၃၆၅၀၀၀ မှ ၃၂၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀၀၀ မှ ၂၅၀၀၀ ၊ ယခင်လထက် ၃၀၀၀၀ ၃၅၀၀၀ မြင့်တက်လာသည်။

နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၄၀၀၀၀၀ မှ ၃၅၀၀၀၀ ၊ယခင်တစ်ပတ် ကျပ် ၃၆၅၀၀၀ မှ ၃၄၅၀၀၀၊ ယခင်လကျပ် ၃၃၅၀၀၀ မှ ၃၀၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀ မှ ၃၅၀၀၀ ၊ ယခင်လထက်ကျပ် ၅၀၀၀၀ မှ ၆၅၀၀၀ မြင့်တက်လာသည်။

နှမ်းဖြူ(ဂျပန်) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၄၁၀၀၀၀ မှ ၄၀၀၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၃၉၀၀၀၀ မှ ၃၈၅၀၀၀၊ ယခင်လကျပ် ၃၆၅၀၀၀ မှ ၃၆၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ ၊ ယခင်လထက်ကျပ် ၄၀၀၀၀ မှ ၄၅၀၀၀ မြင့်တက်လာသည်။

နှမ်းညို ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၁၅၀၀၀ မှ ၃၁၀၀၀၀ ၊ ယခင် တစ်ပတ်ကျပ် ၂၉၅၀၀၀ မှ ၂၈၅၀၀၀ ၊ ယခင်လကျပ် ၃၇၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀ မြင့်တက်လာပြီး ၊ ယခင်လထက်ကျပ်  ၆၀၀၀၀ မှ ၆၅၀၀၀ နိမ့်ကျလာသည်။        

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News