လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၁၈-၂-၂၀၂၄)မှ (၁၉-၂-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်(၈၄.၀၀၀)တန်၊ တန်ဖိုး(၀.၀၄၇)ဒေါ်လာသန်း၊ ဆန်ကွဲ (၆၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ ကြက်သွန်နီ (၆၉.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ သခွားမွှေး (၆၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ နှမ်း (၁၇.၅၀၀) တန်၊ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်း၊ နှမ်းညို(၆.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၈)ဒေါ်လာသန်း၊ ဆီးခွဲခြမ်း(၁၉.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၁)ဒေါ်လာသန်း၊ မြေထောက်ပဲ (၂၉၅.၅၀၀) တန်၊ တန်ဖိုး (၀.၃၇၀) ဒေါ်လာသန်း၊ ဖရဲသီး (၁၀၅၄.၅၀၀) တန်၊ တန်ဖိုး (၀.၁၅၀) ဒေါ်လာသန်း၊ ကြံ (၆၀၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၄) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၁၆၁၆.၀၀၀)တန်၊ တန်ဖိုး (၀.၅၈၄) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။
ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၂၅၅) ဒေါ်လာ၊ ဖရဲသီး တစ်တန်လျှင် (၁၄၅)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၆၆) ဒေါ်လာ၊ ကြံတစ်တန်လျှင် (၄၀) ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၂၅၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှ လွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၃၅၀) ကျပ်ရှိကြောင်း သိရှိရပါသည်။
ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် သံ(၆၀.၀၀၀)တန်၊ တန်ဖိုး(၀.၀၃၉)ဒေါ်လာသန်း၊ ဂျပ်ဖာ(၁၆.၅၀၀)တန်၊ တန်ဖိုး(၀.၀၀၆)ဒေါ်လာသန်း၊ အိတ်အမျိုးမျိုး (၂၅.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း၊ ကုန်စုံ(၂၂၂.၇၈)တန်၊ (၅၆၅၄၆)U၊ (၁၅၈၀၀)PAIR၊ တန်ဖိုး (၀.၂၅၆) ဒေါ်လာသန်း၊ ဆိုင်ကယ်အပိုပစ္စည်း (၇၅.၂၀၀) တန်၊ တန်ဖိုး(၀.၀၉၃) ဒေါ်လာသန်း၊ စက္ကူ (၁၉.၅၀၀)တန်၊ တန်ဖိုး (၀.၀၀၇)ဒေါ်လာသန်း၊ ဖော့(၂.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၁)ဒေါ်လာသန်း၊ ပိုက် (၁၇.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၄)ဒေါ်လာသန်း၊ စက္ကူလိပ်(၁၉.၅၀၀)တန်၊ တန်ဖိုး (၀.၀၀၇)ဒေါ်လာသန်း၊ ဆေးပစ္စည်း(၃၇၈၉၄၀)U၊ တန်ဖိုး (၀.၀၄၉)ဒေါ်လာသန်း၊ ပလပ်စတစ် (၂၄.၀၀၀)တန်၊ တန်ဖိုး(၀.၀၁၇) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။
သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၁၀၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန်လျှင် (၆၂၅)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၄၂၀) ဒေါ်လာ၊ ပလပ်စတစ်တစ်တန်လျှင် (၉၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၄၀၀၀၀၀)ကျပ်၊ ကုန်ပွ(၁၁၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။
ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ် - စိန်လုံ - မိုးမောက် (ကျောက်စခန်း) - ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။
Source: https://commerce.gov.mm