Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့မှ (၂၀) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၁၄၇၅)သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၀၀၄၀)သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၅၁၅) သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ (၂၀) ရက်နေ့အထိ လယ်ယာထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၁၀၆.၆၈၈)တန်၊ (၀.၀၃၄၇)ဒေါ်လာသန်း၊ ငရုတ်သီး (၆၁.၅၁၂)တန်၊ တန်ဖိုး (၀.၀၄၂၄) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက်ပစ္စည်းများ (၄၂.၆၈၀) တန်၊ တန်ဖိုး (၀.၀၆၀၀) ဒေါ်လာသန်း၊  သစ်တောထွက်ပစ္စည်း အနေဖြင့် ဓနိဖက် (၂၈.၅၀၀) တန်၊ တန်ဖိုး (၀.၀၀၃၇) ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်းအနေဖြင့် တံမြက်စည်း (၃၃၀၀၀) ချောင်း၊ တန်ဖိုး (၀.၀၀၆၇) တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၄.၅၀၀) တန်၊ တန်ဖိုး (၀.၀၀၁၂) ဒေါ်လာသန်း၊ ပုစွန်သားပေါက် (၅၀၀၀၀၀) U ၊ တန်ဖိုး (၀.၀၀၂၈) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းများမှာ ငါးမျိုးစုံ (၁၂၉၀.၉၂၀) ဒေါ်လာနှုန်း၊ ပုစွန် (၃၉၉၀.၅၀)ဒေါ်လာနှုန်း၊ ကဏန်း (၂၂၂၈.၅၀)ဒေါ်လာနှုန်း၊ ကင်းမွန် (၁၆၃၅.၀၀၀) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၃၂၅.၂၄၇) ဒေါ်လာနှုန်း၊ ငရုတ်သီး (၆၈၉.၂၉၆) ဒေါ်လာနှုန်း၊ ဓနိဖက် (၁၂၉.၈၂၄)ဒေါ်လာသန်း၊ တံမြက်စည်း (၁) ချောင်း (၀.၀၀၂)ဒေါ်လာနှုန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - သစ်သီး (၂၆၆.၆၆၆) ဒေါ်လာနှုန်း ဖြစ်ပါသည်။ မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ်နှင့် ကုန်ပွ (၇၀၀,၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်းသိရှိရသည်။ 

Source: https://commerce.gov.mm

Category: Local News