International News

တရုတ်နိုင်ငံ၏ ဗဟိုဘဏ်သည် နိုင်ငံခြားဗဟိုဘဏ်များနှင့် ငွေကြေးလဲလှယ်မှုသဘောတူညီချက် (၄၀) ခုကို လက်မှတ်ရေးထိုးထား

Last Updated:

တရုတ်နိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သော တရုတ်ပြည်သူ့ဘဏ် (The People's Bank of China -PBOC) သည် နိုင်ငံခြားမှ ဗဟိုဘဏ်များ (သို့မဟုတ်) ငွေကြေးဆိုင်ရာအဖွဲ့အစည်းများနှင့် နှစ်နိုင်ငံအကြားငွေကြေးလဲလှယ်ရေးသဘောတူညီချက် (Bilateral currency swaps) (၄၀) ကျော်ကို လက်မှတ်ရေးထိုးထားကြောင်း PBOC ၏ အစီရင်ခံစာအရ သိရှိရပါသည်။

လက်ရှိတွင် Bilateral currency swaps (၃၁) ခုသည် အသက်ဝင်နေပြီး စုစုပေါင်းပမာဏ ယွမ် (၄.၁၆) ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၈၆ ဘီလီယံခန့်) ရှိသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားကြောင်း သိရှိရပါသည်။

Bilateral currency swaps ဆိုသည်မှာ နိုင်ငံတစ်ခု၏ ဗဟိုဘဏ်သည် ၎င်းနိုင်ငံ၏ ငွေကြေးကို အခြားနိုင်ငံ၏ ငွေကြေးနှင့် လဲလှယ်နိုင်သည့် ငွေကြေးဆိုင်ရာအစီအစဉ်များ ဖြစ်ကြောင်း သိရှိရပါ သည်။

ငွေလဲလှယ်မှု ကုန်ကျစရိတ်များကို သက်သာစေပြီး ငွေလဲနှုန်းနှင့် ပတ်သက်သည့် စွန့်စားမှုများကို လျှော့ချပေးခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ပံ့ပိုးကူညီရန်အတွက် လဲလှယ်မှုရန်ပုံငွေများကို အသုံးပြုနိုင်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံမှ ချုပ်ဆိုထားသော ငွေကြေးလဲလှယ်မှု သဘောတူညီချက်များသည် ဈေးကွက်ယုံကြည်မှုကို မြှင့်တင်ရန်နှင့် ဒေသတွင်းနှင့် ကမ္ဘာ့ဘဏ္ဍာရေးတည်ငြိမ်မှုကို ထိန်းသိမ်းရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

 

Source: https://english.news.cn/20240216/b6aa7014d4ea420ba247a4e019b1ef9f/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News