မန္တလေးကုန်စည်ဒိုင်တွင် မေလတတိယပတ်အတွင်း နှမ်းလက်ကျန်နည်းနေပြီး အဝယ်သွက်၍ ဈေးမြင့်လာသည်။ တရုတ်နယ်စပ်ဂိတ်များ ဖွင့်လှစ်လိုက်သည့်နောက်ပိုင်း တရုတ်လိုင်း၊ ရန်ကုန်လိုင်း အဝယ်သွက်နေ သောကြောင့် နှမ်းဈေးမြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှ သိရသည်။
နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၂၀၀၀၀၊ ယခင် တစ်ပတ် ကျပ် ၂၅၅၀၀၀ မှ ၂၅၉၅၀၀၀၊ ယခင်လကျပ် ၃၁၀၀၀၀ မှ ၃၁၅၀၀၀ ဖြစ်သည်။ယခင်တစ်ပတ် ထက်ကျပ် ၂၅၀၀၀ မှ ၆၅၀၀၀၊ ယခင်လထက်ကျပ် ၅၀၀၀ မှ ၁၀၀၀၀ မြင့်တက်လာသည်။
နှမ်းညို ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၇၀၀၀၀၊ ယခင် တစ်ပတ်ကျပ် ၂၆၈၀၀၀၊ ယခင်လကျပ် ၂၅၅၀၀၀ မှ ၂၆၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၂၀၀၀၊ ယခင်လထက်ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ မြင့်တက်လာသည်။
နှမ်းနက်(စမုံ) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၇၀၀၀၀ မှ ၃၄၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၅၅၀၀၀ မှ ၂၉၅၀၀၀၊ ယခင်လကျပ် ၂၄၀၀၀၀ မှ ၂၉၈၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက်ကျပ် ၁၅၀၀၀ မှ ၄၅၀၀၀ ၊ ယခင်လထက် ၃၀၀၀၀ မှ ၄၂၀၀၀ မြင့်တက်လာသည်။
မြင့်မြင့်လှိုင်
ရတနာပုံကုန်သွယ်မှုဗဟိုဌာန