Local News

မန္တလေးကုန်စည်ဒိုင်၏ ကုလားပဲဈေးနှုန်း ဆက်တိုက်မြင့်တက်လာ

Last Updated:

      မေလတတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိရာ ကုလားပဲမှာ အထွက်နှုန်းနည်းခြင်း၊ လက်ကျန်နည်း၍ ဝယ်လိုအားကောင်းခြင်း၊ ပို့ကုန်ပဲများ ဈေးမြင့်လာခြင်းနှင့် အတူ ပြည်တွင်းသုံးကုလားပဲများလည်း လိုက်ပါဈေးမြင့်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

     ကုလားပဲဖြူလုံးကြီး(V-2) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၂၅၀၀၀ မှ ၂၂၆၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၂၀၀၀၀ မှ ၂၂၁၀၀၀၊ ယခင်လ ကျပ် ၂၁၃၀၀၀ မှ ၂၁၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀၊ ယခင်လထက် ကျပ် ၁၀၀၀၀ မှ ၁၃၀၀၀ မြင့်တက်လာသည်။ ကုလားပဲ (ထိုင်ဝမ်) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၁၅၀၀၀  မှ ၂၁၇၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၂၀၈၀၀၀၊ ယခင်လ ကျပ် ၂၀၂၀၀၀ မှ ၂၀၇၀၀၀ ဖြစ်ခဲ့သည်။ ယခင် တစ်ပတ်ထက် ကျပ် ၇၀၀၀ မှ ၉၀၀၀၊ ယခင်လ ကျပ် ၁၀၀၀၀ မှ ၁၃၀၀၀ မြင့်တက်လာသည်။

     ကုလားပဲ(929) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်  ၂၂၄၀၀၀ မှ ၂၂၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၁၆၀၀၀၊ ယခင်လ ကျပ် ၂၁၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် ထက်ကျပ် ၈၀၀၀ မှ ၉၀၀၀ မြင့်တက်လာပြီး၊ ယခင်လထက် ကျပ် ၁၄၀၀၀ မှ ၁၅၀၀၀ မြင့်တက် လာသည်။ ကုလားပဲဖြူလုံးကြီး(V-7) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၂၅၀၀၀ မှ ၂၂၆၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၂၁၀၀၀ မှ ၂၂၀၀၀၀၊ ယခင်လ ကျပ် ၂၁၃၀၀၀ မှ ၂၂၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀၊ ယခင်လထက် ကျပ် ၁၁၀၀၀ မှ ၁၂၀၀၀ မြင့်တက်လာသည်။

  

                                                                                                                                                                                                                                                 မြင့်မြင့်လှိုင်

                                                                                                                                                                                                                                   ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News