Local News

ဆိပ်ဖြူကြက်သွန်နီ ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ကြက်သွန်နီဈေးကွက် (ကုန်စည်ဒိုင်) သို့ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကုန်ချိန် ပိဿာ (၁) သောင်းခွဲခန့် နေ့စဉ်ဝင်ရောက်လျက်ရှိပြီး တစ်ပတ်အတွင်း စုစုပေါင်း ပိဿာ (၁) သိန်းခန့် ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

စက်တင်ဘာလ ဒုတိယပတ်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်နီ ဈေးနှုန်းများမှာ ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး (ထိပ်စရှယ်) ကျပ် (၂,၇၀၀-၃,၀၀၀)၊ အလတ်စ ကျပ် (၂,၅၀၀-၂,၆၀၀)၊ အနိမ့်ဈေး ကျပ် (၂,၂၀၀-၂,၄၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ စက်တင်ဘာလ (ပထမပတ်) နှင့် စက်တင်ဘာလ (ဒုတိယပတ်) ဈေးနှုန်းများ နှိုင်းယှဉ်လျှင် စက်တင်ဘာလ ဒုတိယပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် (ထိပ်စရှယ်) ကျပ်(၁၀၀)၊ အလတ်စနှင့်အသေးစ ကျပ်(၂၀၀) ဈေးနှုန်းအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ကုန်စည်စီးဆင်းမှုအနေဖြင့် ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံး စီးဆင်းလျက်ရှိပြီး ပြည်ပတင်ပို့မှု နည်းပါးကြောင်း၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကြက်သွန်နီ စုစုပေါင်း ပျမ်းမျှပိဿာချိန် (၂) သိန်းခန့်၊ အိတ်ရေအားဖြင့် (၇၄၀၇) အိတ်၊ တန်ချိန်အားဖြင့် (၃၂၆) တန်ခန့် ကုန်စည်စီးဆင်းခဲ့ပြီး ပြည်ပဝယ်လိုအားနည်း၍ ကြက်သွန်နီဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း ကြက်သွန်နီဈေးကွက်မှ သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News