Local News

မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလက ပဲစင်းငုံ ၂၄ ပြည်ဝင် အိတ်ရေ ၄၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ပဲစင်းငုံ ၂၄ ပြည်ဝင် အိတ်ရေ ၄၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မအူပင်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ‌ဒေါ်ဝင်းဝင်းဌေးက ပြောပြ၍ သိရသည်။ မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်းက ပဲစင်းငုံ ၂၄ ပြည်ဝင် အိတ်ရေ ၂၇၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ပဲစင်းငုံ ၂၄ ပြည်ဝင်အိတ်ရေ ၄၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ပဲစင်းငုံများဝယ်ယူမှု ကောင်းလာခြင်းသည် ပြည်ပဈေးကွက်က ပဲစင်းငုံများ အဝယ်လိုက်နေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“လက်ရှိဈေးကွက်ထဲမှာ လက်ကျန် ပဲစင်းငုံတွေ အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်ပဈေးကွက်ကို တင်ပို့နေရတာကြောင့် ဈေးကောင်းရရှိနေတာလို့ သိရတယ်။ လက်ရှိတော့ ပဲစင်းငုံသိုလှောင်ထားသူတွေနဲ့ ကုန်သည်ကြီးတွေဆီမှာပဲ ရှိပါတော့တယ်။ မအူပင်မြို့နယ်ဒေသထွက် သီးနှံတွေကို ဒေသပွဲရုံတွေကနေတစ်ဆင့် ရန်ကုန်မြို့ကို အဓိကတင်ပို့ရောင်းချလျက်ရှိပါတယ်။ ရန်ကုန်ကနေတစ်ဆင့် ပြည်ပဈေးကွက်ကို ပြည်လည်တင်ပို့ရောင်းချတာပါ။ လက်ရှိ ပဲစင်းငုံ ၂၄ ပြည်ဝင် အိတ်ရေ ၄၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်” ဟု မအူပင်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းဌေးက ပြောပြသည်။

အဆိုပါ ဒေသထွက် ပဲစင်းငုံ ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၉၁၀၀၀ ထိဈေးပေါက်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News