၂၀၂၃ ခုနှစ်တွင် ဟနွိုင်းသို့ နိုင်ငံတကာခရီးသွားဧည့်သည် လေးသန်းကျော် စံချိန်တင် ဝင်ရောက်ခဲ့သည့်အတွက် ၎င်းသည် ဟနွိုင်းမြို့တော်၏ ခရီးသွားလုပ်ငန်းအတွက် အရေးပါသော အောင်မြင်မှု တစ်ခုဖြစ်ကြောင်း Vietnam News Agency ၏ အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။ ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများရှိနေသော်လည်း တစ်နှစ်ထက်တစ်နှစ် ၁၃၈.၁ % တိုးလာခြင်းသည် ဟနွိုင်း၏ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်မှုကိုပိုမိုထင်ဟပ်စေသည်။
၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်းခရီးသွား ၂၀ သန်း လာရောက်ခဲ့ပြီး ယခင်နှစ်ကထက် ၁၆ % တိုးလာကြောင်း ဖော်ပြထားပါသည်။ ကမ္ဘာလှည့်ခရီးသည် အရေအတွက် တိုးလာခြင်းကြောင့် ဟနွိုင်း ခရီးသွားလုပ်ငန်းမှ စုစုပေါင်း၀င်ငွေမှာ ခန့်မှန်းခြေ ဗီယက်နမ်ဒေါင် ၈၇.၇ ထရီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၃.၆၅ ဘီလီယံ) ရှိပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၄၅.၅ % တိုးမြင့်လာကြောင်း ဖော်ပြထားပါသည်။ နိုင်ငံတကာနှင့် ပြည်တွင်းခရီးသွားဧည့်သည်များ သိသိသာသာ တိုးလာသဖြင့် ၂၀၂၃ ခုနှစ်အတွင်း ဟနွိုင်း ခရီးသွားလုပ်ငန်း၏ အောင်မြင်မှုကို လေ့လာတင်ပြရပါသည်။
Source : Vietnam News Agency
(စီးပွားရေးသံမှူး၊ ဗီယက်နမ်)