International News

ရော်ဘာစီမံကိန်းဆိုင်ရာ သဘောတူညီချက် တရုတ်နိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံ လက်မှတ်ရေးထိုး

Last Updated:

ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အရာရှိများသည် ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိသည့် ရော်ဘာနှင့်တာယာစီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်မှုကောင်စီ၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်မှ ၈ ရက်နေ့အတွင်း တရုတ်နိုင်ငံ ရော်ဘာနှင့်တာယာ အင်ဂျင်နီယာနည်းပညာ အမျိုးသား သုတေသနဌာန (China’s National Centre for Research on Rubber & Tire Engineering Technology - NERCRAT) သို့ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Sun Chanthol ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့သည့် ခရီးစဉ်၌ အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းနှင့် နှစ်နိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ဦးစားပေး စီမံကိန်းများကို ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ Shandong ပြည်နယ် Qingdao ဒေသ၌ ရုံးချုပ်အခြေစိုက်ထားရှိသော နိုင်ငံပိုင် ရော်ဘာနှင့်တာယာလုပ်ငန်း အဆင့်မြင့်နည်းပညာ သုတေသနဌာနဖြစ်သည့် NERCRAT က ကမ္ဘောဒီးယားနိုင်ငံတွင် ရော်ဘာနှင့်တာယာ ဦးစားပေးစီမံကိန်းများကို ဒေါ်လာ ၁ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံဆောင်ရွက်မည်ကြောင်း ပြောကြားခဲ့ပါသည်။

Source: Khmer Times, 16 January, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News