International News

တရုတ်နိုင်ငံ၌ ၂၀၂၃-၂၄ ခုနှစ် ပဲပုပ်နှင့် ပြောင်းသီးနှံအထွက် ခန့်မှန်းချက်ထုတ်ပြန်

Last Updated:

တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ ၁၂-၁-၂၀၂၄ နေ့၌ ဇန်နဝါရီလ သီးနှံအလားအလာခန့်မှန်းချက် ထုတ်ပြန်ရာတွင် ၂ဝ၂၃-၂၄ ခုနှစ် သီးနှံရာသီ၌ ပြောင်းထုတ်လုပ်မှုမြင့်တက်မည်ဖြစ်သော်လည်း ပဲပုပ်စေ့ထုတ်လုပ်မှု ကျဆင်းမည်ဟု ဖော်ပြပါသည်။

တရုတ်နိုင်ငံတွင် ပြောင်းစိုက်ဧရိယာ ပိုမိုများပြားလာသဖြင့် ပြောင်းထုတ်လုပ်မှုမှာ ယခင်ခန့်မှန်းချက်ဖြစ်သော တန်ချိန် ၂၈၈.၂၃ သန်းတန်ထက် အနည်းငယ်ပိုမိုလျက် တန်ချိန် ၂၈၈.၈၄ သန်း ထွက်ရှိမည်ဟု ခန့်မှန်းကြောင်း၊  ပဲပုပ်စိုက်ပျိုးမှုမှာမူ အထွက်နှုန်းလျော့ကျမည်ဟု ခန့်မှန်းရသဖြင့် ပဲပုပ်စေ့ထုတ်လုပ်မှုကို ယခင်ခန့်မှန်းချက်ဖြစ်သော တန်ချိန် ၂ဝ.၈၉ သန်းမှ တန်ချိန် ၂ဝ.၈၄ သန်းသို့ လျော့နည်းထွက်ရှိမည်ဖြစ်ကြောင်း၊ အထွက်နှုန်းကျဆင်းရသည့် အကြောင်းအရင်းကို တရုတ်အစိုးရက ဖော်ပြထားခြင်းမရှိကြောင်း သိရှိရပါသည်။

Source: Hellenic Shipping News, 15 January, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News