Local News

ရွှေဘိုမြို့၌ နှမ်းဈေးကောင်းရရှိလျက်ရှိပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၊ တတိယပတ်မှစတင်၍ နှမ်းဖြူနှင့်နှမ်းနက်များ ဝင်ရောက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၊ ဒုတိယပတ်တွင် ဆက်လက်ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများမှာ နှမ်းဖြူတစ်တင်းလျှင် ၁၁၆,၅၀ဝိ/- ကျပ် ဈေးနှုန်းဖြင့် တစ်ပတ်အတွင်း ၃၆၀၀ တင်း/ တန်အားဖြင့် ၈၈ တန်ကိုလည်းကောင်း၊ နှမ်းနက်တစ်တင်းလျှင် ၁၁၈,၃၀ဝိ/- ကျပ် ဈေးနှုန်းဖြင့် တစ်ပတ်အတွင်း ၆၃၀၀ တင်း/ တန်အားဖြင့် ၁၅၄ တန်ကိုလည်းကောင်း အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇန်နဝါရီလ၊ ပထမပတ်နှင့် ဇန်နဝါရီလ၊ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများကို နှိုင်းယှဉ်ပါက ဇန်နဝါရီလ၊ ပထမပတ်တွင် နှမ်းဖြူ တစ်တင်းလျှင် ၁၀၆,၀၀ဝိ/- ကျပ်နှင့် နှမ်းနက်တစ်တင်း လျှင် ၁၁၃,၀၀ဝိ/- ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ဇန်နဝါရီလ၊ ဒုတိယပတ်တွင် နှမ်းဖြူတစ်တင်းလျှင် ၁၀,၅၀ဝိ/-ကျပ်နှင့် နှမ်းနက်တစ်တင်းလျှင် ၅,၃၀ဝိ/- ကျပ် ပိုမိုရရှိခဲ့ပြီး နှမ်းသီးနှံများ အဝင်များကာ ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

Source: DOCA (စစ်ကိုင်း)

Source: https://commerce.gov.mm

Category: Local News